ဆောင်ကန်း ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေ

ဆောင်ကန်း ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားမှာရှိတဲ့ ဆောင်ကန်းကျေးရွာအနီးကို စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီး မြေပြင်နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဆောင်ကန်းကျေးရွာမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အတွက် ဆောင်ကန်းကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း မိုးဗြဲ-လွိုင်ကော် လမ်းမကြီးပေါ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီး မိုးဗြဲအနီးတဝိုက်နဲ့ မိုးဗြဲ-လွိုင်ကော် လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ စစ်ကောင်စီ တွေ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာပါ။

အဆိုပါ မိုးဗြဲမြို့ကို စစ်ကောင်စီတွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့တို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်ကို နေရာယူရှင်းလင်းဖို့ ၄ ဒသမ ၅ ကီလိုမီတာအကွာအဝေး ကျန်ရှိနေဆဲဖြစ်ပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဆက်သွယ်ရေးလမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီ ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်စာမျက်နှာမှာဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မိုးဗြဲ-လွိုင်ကော်ကြားက ဆောင်ကန်းကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဆောင်ကန်းကျေးရွာလူထုတွေလည်း တိမ်းရှောင်နေကြရတယ်လို့ တာအယ်စိုးက ဖြည့်စွက်ပြောဆိုထားပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...