စစ်ကောင်စီတွေ ပြန်လည်ထိန်းချုပ်တဲ့ မိုးဗြဲမြို့ပေါ်မှာ ပြည်သူ့နေအိမ်တွေ ထပ်မံ မီးရှို့ဖျက်ဆီးခံနေရ

စစ်ကောင်စီတွေ ပြန်လည်ထိန်းချုပ်တဲ့ မိုးဗြဲမြို့ပေါ်မှာ ပြည်သူ့နေအိမ်တွေ ထပ်မံ မီးရှို့ဖျက်ဆီးခံနေရ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ထိန်းချုပ်ပြီး ဝင်ရောက်တပ်စွဲထားတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ပေါ်မှာ ပြည်သူ့နေအိမ်တွေ ထပ်မံ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့ ညနေအထိ ၃ ရက်ဆက် မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

“မိုးဗြဲမြို့ပေါ် ရပ်ကွက်ကို စစ်ကောင်စီက ထိုးဖောက်ဝင်ရောက်တပ်စွဲပြီး မိုးဗြဲမြို့ပေါ်မှာရှိတဲ့ နေအိမ် ၂၀ ကျော်လောက်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။” လို့ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မိုးဗြဲမြို့ကို အင်အားများစွာနဲ့ စစ်ကောင်စီတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး မိုးဗြဲမြို့အနီးတဝိုက်မှာ နေ့စဉ် မြေပြင် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တာအယ်စိုးက ဖြည့်စွက်ပြောဆိုထားပါတယ်။

“လတ်တလောမှာ မိုးဗြဲမြို့အနီးတဝိုက်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ်။ အထူးသဖြင့် လွိုင်ကော် မိုးဗြဲ-လွိုင်ကော် လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။

အဆိုပါ မိုးဗြဲမြို့ကို စစ်ကောင်စီတွေ ပြန်လည်ဝင်ရောက်တပ်စွဲမှုနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက် ရရှိနိုင်ခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများနဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ ပြန်လည်ရရှိဖို့ စစ်ကောင်စီဘက်က စစ်ဆင်ရေးကာလ ၆ လကြာ ဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေး ၆ လအတွင်း တိုက်ပွဲကြီးပေါင်း ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်းကြိမ် ၄၀၀ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးတစ်ခုလုံးမှာလည်း ရန်သူအလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနဲ့ Video File တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိ မိုးဗြဲမှာတော့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေသလို မိုးဗြဲမြို့အနီးဝန်းကျင်မှာရှိတဲ့ လူနေကျေးရွာဖက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတိထား နေထိုင်သွားလာကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...