မြင်းခြံတွင် စစ်ကောင်စီကို တိုက်ခိုက်ရာ ၃၀ ဝန်းကျင်သေဆုံးပြီး ကား ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟုဆို

မြင်းခြံတွင် စစ်ကောင်စီကို တိုက်ခိုက်ရာ ၃၀ ဝန်းကျင်သေဆုံးပြီး ကား ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟုဆို

ပျူရွာများသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးဝန်းကျင် သေဆုံးပြီး ရိက္ခာကား နှစ်စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာမြို့ဘက်မှ ထွက်လာသည့် ထိုစစ်ကောင်စီတပ်သည် ဆီမီးခုံကားလမ်းပေါ်ရှိ ငါန်းဇွန်၊ ငါန်းမြှာနှင့် ဆိုလာဂွေ့ကြီးဘက်ရှိ ပျူရွာများသို့ ရိက္ခာပို့ရန် လာခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ယနေ့ (ဇူလိုင်လ ၄ ရက်) တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်၊ မနက် ၇ နာရီ ၁၉ မိနစ်အချိန်တွင် ထိုစစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်းကို မြို့သာနှင့် ငါန်းဇွန်အကြား တနေရာတွင် ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ အဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“ကျွန်တော်တို့က မိုင်းထောင်ပြီး စောင့်နေတာ သူတို့က မိုင်းတွေကို မြင်သွားပြီး ကျွန်တော်တို့ ပုန်းနေတဲ့ လမ်းဘေးဝဲယာက ချုံတွေထဲ ဆင်းပြီး ရမ်းပစ်တာ။ အဲ့မှာ အမိန့်ပေးနေတဲ့ စစ်ကြောင်းမှူးကို စနိုက်ပါနဲ့ ပစ်လိုက်တယ်။ ပြီးတော့ ကျန်တဲ့သူတွေဆက်ပြီး တိုက်ပွဲဖြစ်တာ သူတို့ဘက်က အများအပြားသေဆုံးသွားတာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲသည် အချိန် သုံးနာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မြို့သာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဘက်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ကူပေးခြင်း၊ ဂျက်ဖိုက်တာ လေယာဉ်များဖြင့် လေကြောင်း ပစ်ကူပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ အဖွဲ့တာဝန်ရှိသူထံက သိရသည်။

အဆိုပါ စစ်ကြောင်းတွင် ရိက္ခာတင်ကား ငါးစီး၊ ခြေလျင်အင်အား ၁၀၀ ခန့် ပါဝင်ပြီး တိုက်ပွဲပြီးဆုံးချိန်တွင် ကျန်ရှိ စစ်ကောင်စီတပ်သားများနှင့် ရိက္ခာကားသုံးစီးသာ မြို့သာဘက်သို့ ပြန်လည် မောင်းနှင်သွားကြောင်း ကိုသက် ကြီးက ပြောသည်။

ထိုတိုက်ပွဲ ဖော်ဆောင်နိုင်ရန် အချိန်သုံးရက်ကြာ ကင်းပုန်းဝပ်ထောက်လှမ်းခဲ့ရပြီး မဟာမိတ်တပ်ဖွဲ့များ နှင့် လက်တွဲညီညီ ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ တိုက်ပွဲအတွင်း တပ်ကြပ် တဦးအပါအဝင် လေးဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သုံ့ပန်းများအနက် တဦးသည် လက်နက်လု ရန်ပြု၍ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းလည်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဘက်မှ သေနတ် လေးလက်၊ ခဲယမ်းများ၊ အခြား စစ်အသုံးအဆောင်ပစ္စည်းမျာနှင့် ကားနှစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း Zero ပြောက် ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့က အသိပေးထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှု အခြေအနေများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယခုတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း (၅ )နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...