မြေပုံ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီဗုံးကြဲ၍ အရပ်သားနှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရ

မြေပုံ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီဗုံးကြဲ၍ အရပ်သားနှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးလာကြဲခဲ့သည့်အတွက် အရပ်သားနှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကမ်းထောင်းကြီးမြို့ပေါ်ကို စစ်ကောင်စီလေတပ်က ယနေ့ ဇူလိုင်လ ၄ ရက်၊ နေ့လယ်ပိုင်းက ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံး ကြဲချခဲ့သည့်အတွက် ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"နေအိမ်အဆောက်အအုံတွေ ပြိုတယ်။ လက်ရှိ သိရသလောက် လူနှစ်ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကျား/မ ခွဲလို့မရသေးဘူး" ဟု ပြောသည်။

သေဆုံး၊ ဒဏ်ရာရရှိသူများ၏ အမည်နှင့် အသက်ကို နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီလေတပ်က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းကလည်း ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သည့်အတွက် အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အရပ်သားတစ်ဦးတို့ သေဆုံးခဲ့ပြီး မိန်းကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကမ်းထောင်းကြီးမြို့သည် မြေပုံမြို့၏ မြို့နယ်ခွဲမြို့ဖြစ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော မြို့တစ်မြို့ဖြစ်သည်။

အဆိုပါမြို့တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယနေ့ မွန်းတည့်ပိုင်းကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ အမ်းမြို့ကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ ဆူးပုတ်ကုန်းပျဉ်းတောရပ်ကွက်ရှိ မူလွန်စာသင်ကျောင်းသို့ ကျရောက်ပေါက်ကွဲကာ ကျောင်းပြိုပျက်သွားပြီး နေအိမ်တချို့ ပျက်စီးသွားခဲ့သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...