မွန်ပြည်နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေ လိုင်စင်မဲ့ယာဉ် ပိုစီးလာ

မွန်ပြည်နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေ လိုင်စင်မဲ့ယာဉ် ပိုစီးလာ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေတဲ့ကာလအတွင်း စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲအပါအဝင် စစ်ကောင်စီဝန်ထမ်းတွေကအစ လိုင်စင်မဲ့ယာဉ်တွေ ပိုမိုစီးနင်းလာကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဒေသတွင်းမှာ နေရာအနှံ့ ပြည်သူတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးကာ သိမ်းဆည်းပြီးနောက် နိုင်ငံတော်ကို အပ်နှံခြင်းမပြုဘဲ သူတို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးပြုလာတာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာ စစ်ကောင်စီရဲ့ သတ်မှတ်ချက်အရ တစ်ရက်ကို အနည်းဆုံး လိုင်စင်မဲ့ယာဉ် ၅ စီး အပ်နှံရမယ်လို့ ညွှန်ကြားထားပေမယ့် ပိုပြီးဖမ်းဆီးရမိပါက ရာထူးအကြီးပိုင်းအပြင် တပ်သားအဆင့်အထိ ခွဲဝေစီးနင်းနေကြတာပါ။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ အခုနောက်ပိုင်း လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီဝန်ထမ်းတွေ ပိုမိုစီးနင်းလာကြပြီး ဒီလုပ်ရပ်ဟာ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်မှုဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ ကိုယ်တိုင်က လိုင်စင်မဲ့ကားတွေ စီးနေတာ။ တည်ဆဲဥပ‌ဒေလည်း ဒီတိုင်းထားထာတာပဲ။ ဒါပေမယ့် အခုလက်ရှိ စီးနေကြတာပဲ။ ကျွန်တော်တို့ မြို့မှာရှိတဲ့ ဥစ္စာအကုန်လုံးတွေက ရဲတွေ ဘာတွေရော တပ်ကရော အကုန်လုံးက လိုင်စင်မဲ့ကြီးပဲလေ” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးတဲ့နေရာမှာ သူတို့နဲ့ နီးစပ်တဲ့သူတွေရဲ့ လိုင်စင်မဲ့ယာဉ်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပြီး ငွေကြေးယူကာလူကို ပြန်လွှတ်ပေးတာတွေရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံနောက်တစ်ဦးကတော့ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ထားပေမယ့် သူတို့ကိုယ်တိုင် ပြည်သူတွေဆီက ဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ယာဉ်တွေကို အသုံးပြုနေတာကြောင့် စစ်ကောင်စီရဲ့ ဥပ‌ဒေဟာ တရားမျှတမှုမရှိဘူးလို့ ဝေဖန်ပါတယ်။

“လိုင်စင်မဲ့ယာဉ်မစီးရ လိုင်စင်မဲ့ယာဉ်ကို ထိရောက်စွာ အရေးယူမယ်ဆိုပြီးတော့ အမိန့်ထုတ်ပြီးတော့ ဖမ်းဆီးနေတဲ့ လူတွေကိုယ်တိုင်က လိုင်စင်မဲ့ယာဉ်တွေစီးပြီးတော့ လိုင်စင်မဲ့ယာဉ်တွေနဲ့ပဲ အသုံးချတယ်ဆိုတော့ ဥပ‌ဒေက ကျန်တဲ့တိုင်းသူပြည်သားတွေပဲ နာခံရမှာပေါ့။ သူတို့ကတော့ နာခံစရာမလိုဘူးဆိုတဲ့ သဘောလားပေါ့။ တစ်ဖက်စောင်းနင်း ဥပဒေကြီးဖြစ်နေတယ်။ တရားမျှတတဲ့ ဥပ‌ဒေမှမဟုတ်တာ” လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ ပြည်သူတွေ လိုင်စင်မဲ့ယာဉ်စီးနင်းလို့ ဖမ်းဆီးခံရပါက လိုင်စင်မဲ့ယာဉ်ကို သိမ်းဆည်းတဲ့အပြင် လူကိုပါ ပို့ကုန်၊ သွင်းကုန် ဥပ‌ဒေတွေနဲ့ အမြန်နေ့ချင်းပြီး ပုံစံအနည်းဆုံး ထောင်ဒဏ် တစ်လ ချမှတ်နေပါတယ်။

စစ်ခေါင်းဆောင်ရဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးဖို့ ညွှန်ကြားချက်ကြောင့် စစ်ကောင်စီဝန်ထမ်းတွေဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကနေ ဝင်ငွေရပေါက်ကြီးတစ်ခုဖြစ်လာပြီး လိုင်စင်မဲ့ယာဉ်တွေကိုပါ တရားဝင်သဖွယ် အသုံးပြုစီးနင်းလာတာ ဖြစ်ပါတယ်။

February 18, 2026
ပုလော — တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း...
ဓာတ်ပုံ-Social Media
February 16, 2026
မကွေးတိုင်း ပွင့်ဖြူကနေ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ လူငယ် ၁၁ ဦးကို စစ်ကော်မရှင်တပ်သားတွေက...
February 14, 2026
တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို...
February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...