ကာမိုင်းနဲ့ နန့်ယားကြား အထိုင်ချဖို့တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA/PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

ကာမိုင်းနဲ့ နန့်ယားကြား အထိုင်ချဖို့တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA/PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

မြစ်ကြီးနား - ဖားကန့် လမ်းပေါ်က ကာမိုင်းမြို့နဲ့ နန့်ယားကျေးရွာကြားမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကာမိုင်းမြို့မှာရှိတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါ စစ်ကြောင်းဟာ ကာမိုင်းနဲ့ နန့်ယားကြားမှာ အထိုင်ချဖို့ စစ်ကြောင်းတက်လာတဲ့အတွက် KIA/KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ KIA နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သူတို့တက်လာလို့ အဲဒီတစ်ဖွဲ့ကိုပဲ ၆ နေရာလောက်တိုက်တာ။ သူတို့က ကားမိုင်နဲ့ နန့်ယားကြားမှာ ထိုင်ဖို့ပေါ့။ အခုထိတော့ နန့်ယားမရောက်နိုင်သေးဘူး” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

နန့်ယားဘက်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အွန်ကထောင်ကျေးရွာမှာပဲ ရောက်ရှိသေးတယ်လို့လည်း ဆိုပါတယ်။

နန့်ယားကျေးရွာမရောက်မီ မအူပင်ရေကာတာကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာ နှစ်ရက်ရှိပြီလို့ မြစ်ကြီးနား-ဖားကန့်လမ်း (လီဒိုလမ်း) မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကာမိုင်းဗျုဟာကနေ ထွက်လာကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဖြစ်ပြီး နှစ်ရက်ကြာဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အယောက်၂၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဇွန်လ ၂၃ ရက်နေ့ကစပြီး ကာမိုင်းဗျူဟာကထွက်တဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ကာမိုင်းနဲ့ နန့်ယားကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ၂၄ ရက်နေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းကို နှစ်ဖက်တပ်တွေကနေ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကလည်း မြစ်ကြီနား-ဖားကန်လမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF တို့ရဲ့ တိုက်ပွဲအခြေအနေတွေကြောင့် လမ်းတစ်လျောက်က မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော်၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ ကျောက်ဖျာ၊ နန့်တိန်း၊ ပျားအုံ စတဲ့ ကျေးရွာဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...