ပလက်ဝဒေသခံများနှင့် ရခိုင်မှ မြို့သုံးမြို့ရှိ စစ်ဘေးရှောင်များကို AA က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့

ပလက်ဝဒေသခံများနှင့် ရခိုင်မှ မြို့သုံးမြို့ရှိ စစ်ဘေးရှောင်များကို AA က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့
ရသေ့တောင်မြို့နယ်တွင် ထောက်ပံ့ပေးခဲ့စဉ်။ (Photo - APM)
ရသေ့တောင်မြို့နယ်တွင် ထောက်ပံ့ပေးခဲ့စဉ်။ (Photo - APM)

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှဒေသခံများနှင့်အတူ ရခိုင်ပြည်မှ မြို့သုံးမြို့မှ စစ်ဘေးရှောင်များကို AA လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းရေးရုံး (HDCO) က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

HDCO က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့ပေးခဲ့သော မြို့များမှာ ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်၊ ရခိုင်မှ အမ်း၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များဖြစ်သည်။

HDCO က အဆိုပါမြို့နယ်များရှိ အရေးပေါ်အကူအညီများလိုအပ်နေသူများထံသို့ ယမန်နေ့ ဇွန်လ ၂၃ ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝဒေသအတွင်း အရေးပေါ်လိုအပ်နေသည့်နေရာမှ လူဦးရေ (၁၇၂) ဦးနှင့် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အိမ်ထောင်စု (၂၆၅) စုစာအတွက် အမိုးအကာများထောက်ပံ့ပေးခဲ့သည်ဟု HDCO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ပလက်ဝနဲ့ ရသေ့တောင်မှာ အမိုးအကာတွေထောက်ပံ့ပေးခဲ့တယ်။ နောက်ထပ်လည်း လိုအပ်ရင်လိုအပ်သလို လိုအပ်တဲ့နေရာမှာစားနပ်ရိက္ခာနဲ့ အမိုးအကာထောက်ပံ့ပေးသွားမှာ" ဟုပြောသည်။

အမ်းမြို့နယ်မှ လူဦးရေ ၁၇၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ လူဦးရေ ၁၇၂ ဦး၊ စုစုပေါင်း (၃၄၄) ဦးအတွက်ကို စားနပ်ရိက္ခာများထောက်ပံ့ပေးခဲ့သည်ဟု ပြောသည်။

"အမ်းနဲ့ ဘူးသီး‌တောင်က လိုအပ်တဲ့နေရာတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်။ ဆန်၊ ဆီ၊ ဆားလိုအပ်တာပေါ့။ လဝက်စာထောက်ပံ့ပေးခဲ့တယ်" ဟု ပြောသည်။

ယခုထောက်ပံ့ပေးခဲ့သည့် ဒေသများရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများနှင့် အမိုးအကာများ အရေးပေါ်လိုအပ်ချက်များ တစ်ထောင့်တစ်နေရာမှ အဆင်ပြေစေနိုင်ရန်အတွက် ယခုကဲ့သို့ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုထောက်ပံ့ပေးခဲ့သောဒေသများသည် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်းတွင် AA က အပြီးသတ်သိမ်းပိုက်ထားသည့်ဒေသများဖြစ်ကြသည်။

HDCO ၏စာရင်းအရ ရခိုင်ရှိ လွတ်မြောက်မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များ၏ ၆ဝ ရာနှုန်းခန့်သည် ယခုမိုးတွင်းကာလအတွင်း အမိုးအကာအောက်ရောက်ရှိရေး အရေးတကြီးလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...