မတ္တရာနှင့် စဉ့်ကူးနယ်စပ်ရှိ မေတ္တာနန္ဒဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားများ ထိခိုက်သေဆုံး

မတ္တရာနှင့် စဉ့်ကူးနယ်စပ်ရှိ မေတ္တာနန္ဒဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားများ ထိခိုက်သေဆုံး

ဓါတ်ပုံ – မေတ္တာနန္ဒဆေးရုံးကို စစ်ကောင်စီတပ်က ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သွားသည့် ဒေသခံများနှင့် ပျက်စီးသွားသည့်ဆေးရုံအဆောက်အဦးများကို တွေ့ရစဉ် (ပြင်ဦးလွင်ခရိုင် ပကဖ)

မန္တလေးတိုင်း၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်အစပ် ယက္ကန်းစင်တောင်ပေါ်တွင်ရှိသည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇွန်လ ၂၃ ရက်) သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် တကြိမ်၊ ည ၁၁ နာရီ ၁၀ မိနစ်တွင် တကြိမ်၊ ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်က ကြဲသွားသည့်ဗုံးများသည် သားဖွားမီးယပ်ဆောင်ကို ထိမှန်ခဲ့ရာ မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲကျေးရွာမှ ဆေးရုံသို့ မီးဖွားလာသူ အသက် ၃၀ ခန့် အမျိုးသမီးသေဆုံးကာ အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရရှိ (စိုးရိမ်ရ) ခဲ့ပြီး ဆေးကုသရန်ရောက်ရှိနေသူ ဒေသခံ ၁၁ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့သည်။

ဆေးရုံ၏ သားဖွားမီးယပ်အဆောင်အပါအဝင် အဆောက်ဦ ၃ လုံး ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“သားဖွားမီးယပ်ဆောင်ကို ထိတာဆိုတော့ ထိခိုက်တဲ့သူတွေထဲမှာ ကလေးငယ်တွေလည်းပါနိုင်တယ်။ ကျနော်တို့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူး” ဟု ပြင်ဦးလွင်ခရိုင် (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် မေတ္တာနန္ဒဆေးရုံသည် ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဦးဆောင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဒေသခံများ အားကိုးအားထားပြုနေရသော ဆေးရုံဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် (ပကဖ) တာဝန်ရှိသူက ဆိုသည်။

“အခုတော့ ဆေးရုံမှာ ဆေးလာကုတဲ့သူတွေအကုန်လုံးကို ဘေးလွတ်ရာ ရှောင်ခိုင်းထားရတယ်၊ ထပ်ကြဲမှာစိုးလို့ပါ” ဟု ၎င်းကပြောသည်။

စဉ့်ကူးမြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့များ အပြည့်အ၀ထိန်းချုပ်ထားသည့် မြို့နယ်တခုဖြစ်ပြီး မတ္တရာမြို့နယ်သည်လည်း တော်လှန်ရေးတပ်ဖွဲ့က နေရာအများစုကို ထိန်းချုပ်ထားခြင်းဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့သည် မြေပြင်စိုးမိုးမရတော့ဘဲ စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာရှိ ဆေးရုံတခုကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦတခု ပျက်စီးခဲ့သည်။

Most read this week

ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...
ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
January 28, 2026
ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ...
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
January 27, 2026
ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့်...
January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...