ရွှေပြည်သာမြို့မရဲစခန်း လုံခြုံရေးဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက် ရှိနိုင်ဟုဆို

ရွှေပြည်သာမြို့မရဲစခန်း လုံခြုံရေးဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ အထိအခိုက် ရှိနိုင်ဟုဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း၏လုံခြုံရေးဂိတ်ကို ယမန်နေ့ (ဇွန်လ ၁၈ ရက်) ညပိုင်းက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း THEBLOODLINE အဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ည ၈ နာရီ ၃ မိနစ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦးရှိနေသည့် ရွှေပြည်သာရဲစခန်း လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“အမေစုနဲ့ ထောင်ထဲက ရဲဘော်တွေအတွက်၊ ပြီးတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုမှန်သမျှ ခေါင်းငုံ့ခံနေရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာပါ” ဟု THEBLOODLINE အဖွဲ့တာဝန်ခံ ကိုမာန်က ပြောသည်။

တိုက်ခိုက်မှုတွင် လုံခြုံရေးဂိတ်ရှိ ရဲတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိကြောင်း ကြားသိထားသော်လည်း အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆက်­­­ပြောသည်။

“ရဲခွေး အထိအခိုက်ရှိတယ်လို့ ကြားပေမယ့် အတိအကျ မသိရသေးဘူး၊ စုံစမ်းနေတုန်းပါပဲ။ တပ်ဖွဲ့က ရဲဘော်တွေတော့ လုံခြုံတဲ့နေရာ ရောက်နေပါပြီ” ဟု တပ်ဖွဲ့တာဝန်ခံက ဆိုသည်။

ရဲစခန်းလုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းမများအား ပိတ်ဆို့ကာ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရဲစခန်းလုံခြုံရေးဂိတ် တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်ကို သီးခြား အတည်ပြုနိုင်ရန် မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။

ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင်များ၏ ဝေးရာတွင် နေထိုင်သွားလာပေးကြပါရန် THEBLOODLINE အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...