နယ်မြေမတည်ငြိမ်မှုကြောင့် လုံးခင်းကျေးရွာမှာ ကျောင်းတက်ရောက်သူ နည်းပါးလာ

နယ်မြေမတည်ငြိမ်မှုကြောင့် လုံးခင်းကျေးရွာမှာ ကျောင်းတက်ရောက်သူ နည်းပါးလာ

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာမှာ ကျောင်းတွေဖွင့်နေပေမဲ့ နယ်မြေ မတည်ငြိမ်သေးတဲ့အတွက် ကျောင်းလာတက်တဲ့ ကျောင်းသူ/သားတွေ နည်းပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လုံးခင်းကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ နေ့တိုင်းလိုလို စစ်ကောင်စီက စစ်ကြောင်းတွေထိုးနေတဲ့အပြင် လက်နက်ကြီးပစ်ခတ်သံတွေကြောင့် အချို့ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းမပို့ရဲကြဘူးလို့ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျောင်းတွေဖွင့်တယ်။ ဒါပေမဲ့လည်း အခုအခြေအနေတွေကြောင့် ကျောင်းသားမိဘတွေကိုယ်တိုင်က မသွားပို့ရဲကြသေးဘူး” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းရှိနေတဲ့အတွက် ဘာသာရေးက ဖွင့်ထားတဲ့ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေလည်း မဖွင့်ရဲကြသေးဘူးလို့ သိရပါတယ်။

 ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်ကျောင်းတွေ ပို့နိုင်ကြပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားမိဘတွေကတော့ ဘာသာရေးကဖွင့်ထားတဲ့ ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်မယ့်အချိန်ကို စောင့်နေကြတယ်လို့ သိရပါတယ်။

လုံးခင်းဒေသခံ အမျိုးသားတစ်ဦးကတော့ လက်တလော စစ်ရေးအခြေအနေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ အထူးသတိထားပြီးမှ ကျောင်းပို့သင့် မပို့သင့် စဥ်းစားစေချင်တယ်လို့လည်း သူ့ရဲ့အမြင်ကို သုံးသပ်ပြောဆိုပါတယ်။

 လုံးခင်းကျေးရွာက အစိုးရကျောင်းတွေမှာလည်း ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားတွေကို သိပ်မတွေ့မိပေမဲ့ ကျောင်းတက်တဲ့သူတွေလည်း ရှိနေတယ်လို့ နောက်ထပ်လုံးခင်းဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မှော်စီစာကျေးရွာက ကျောက်လုပ်ကွက် ကုမ္ပဏီတွေနဲ့ ယာဉ်ယန္တာရားတွေကို နေ့စဉ်နီးပါး စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကြောင်းတွေထဲက အင်အားတစ်ရာပါ စစ်ကြောင်းဟာ မှော်စီစာကျေးရွာက ဘုရားကုန်းဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲနေတာ ဖြစ်ပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...