လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု စစ်ကောင်စီဝန်ထမ်းတွေရဲ့ ငွေရပေါက်ကြီးဖြစ်လာ

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု စစ်ကောင်စီဝန်ထမ်းတွေရဲ့ ငွေရပေါက်ကြီးဖြစ်လာ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မွန်ပြည်နယ်က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုမှာ စစ်ကောင်စီဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုကြီး ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး သူတို့အတွက် ငွေရပေါက်ကြီးဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကစလို့ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ အကြီးအကျယ် ဖမ်းဆီးနေပြီး လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရာမှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ ပြည်သူ့စစ်အပါအဝင် တခြားဌာနဆိုင်ရာတွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီဝန်ထမ်းတွေဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိပါက လိုင်စင်မဲ့ယာဉ်နဲ့ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိပါက တစ်စီးလျှင် အနည်းဆုံး ကျပ် သိန်း ၃၀ ထက်မနည်း တောင်းခံတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဟိုပိုက်ဆံပေးပြီး ရွေးရတာတွေ ဘာတွေရှိတယ်။ အများကြီးပါပဲပေါ့။ ကားလမ်းဘေးနေရာတွေ ညနေဘက်အလုပ်သိမ်းတဲ့အချိန်တွေ ဖမ်းတယ်။ သိန်း ၃၀ တို့ ဘာတို့ တောင်းတယ်” လို့ ဆိုပါတယ်။

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိတဲ့ တချို့ဖြစ်စဉ်တွေမှာတော့ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်မှု နည်းပါးရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတောင်းသလောက် ငွေကြေးပေးဆောင်ရတာတွေ ရှိနေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးကလည်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိပါက စစ်ကောင်စီနဲ့ နီးစပ်သူတွေကတော့ ငွေကြေးပေးဆောင်ပြီး ပြန်လည်လွတ်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တချို့ကတော့လည်း အိမ်ကလိုက်လာတဲ့ ဥစ္စာကျတော့ ထောင်တစ်လချတယ်။ ဆိုင်ကယ်သိမ်းလိုက်တယ်။ ဖမ်းခံထိတဲ့ လူအပေါ်မှာ မူတည်တာပေါ့။ နည်းနည်း ပတ်သက်ရာ ပတ်သက်ကြောင်းရှိရင်တော့ ဆိုင်ကယ်သိမ်းလိုက်တယ်။ လူကိုမဖမ်းဘူး” လို့ ဆိုပါတယ်။

လိုင်စင်မဲ့ယာဉ်ကို ဖမ်းဆီးရမိပါက လိုင်စင်မဲ့ယာဉ်ကိုပါ သိမ်းတဲ့အပြင် လိုင်စင်မဲ့ယာဉ်စီးနင်းတဲ့ ဒေသခံတွေကိုပါ ပို့ကုန်၊ သွင်းကုန် ဥပဒေ တွေနဲ့ အနည်းဆုံး ထောင်ဒဏ်တစ်လချပေမယ့် စစ်ကောင်စီနဲ့ နီးစပ်သူတွေကိုတော့ ငွေကြေးရယူပြီး ပြန်လွှတ်ပေးနေတာကြောင့် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မွန်ပြည်နယ်မှာတော့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုစတင်တဲ့နေ့ကစပြီး လိုင်စင်မဲ့ယာဉ်အစီးရေ ရာနဲ့ချီ ဖမ်းဆီးထားကာ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုတော့ ပို့ကုန်၊ သွင်းကုန် ဥပ‌ဒေတွေနဲ့ အရေးယူလျက်ရှိတယ်လို့ သိရပါတယ်။

Most read this week

သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...