ကညင်ကတိုက်ရွာ ယာယီကျောင်း ဗုံးကြဲခံရ ၄ ဦးသေ ၃၅ ဦး ဒဏ်ရာရ

ကညင်ကတိုက်ရွာ ယာယီကျောင်း ဗုံးကြဲခံရ ၄ ဦးသေ ၃၅ ဦး ဒဏ်ရာရ

ကောကရိတ်မြို့နယ်၊ ပိုင်ရပ် ကျေးရွာအုပ်စု၊ ကညင်ကတိုက် ကျေးရွာ ကိုယ်ထူကိုယ်ထ ယာယီ စာသင်ကျောင်းကို ယမန်နေ့ ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၄ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေး ၂ ဦး အပါအဝင် ကျောင်းဆရာမ ၁ ဦး၊ ယာယီကျောင်းအဖြစ် ဖွင့်လှစ်ထားသည့် အိမ်ရှင် ၁ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။

“အဲဒီရွာမှာ စကစ ကျောင်း မဖွင့်ဘူး၊ မဖွင့်တော့ ကလေးတွေ စာမတတ်မှာစိုးလို့ ဆရာမငှားပြီး ကိုယ်ထူကိုယ်ထ စာသင်တယ်။ စာသင်တဲ့အိမ်ကို တစ်လုံးကျတယ်။ ရွာထဲကို ၃ လုံး ကြဲသွားတယ်။ စာသင်ဖို့နေရာ ပေးတဲ့အိမ်ရှင် ၁ ယောက်ရယ်၊ ဆရာမ ၁ ယောက်ရယ်၊ ကလေး၂ ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေ၊ လူကြီး တွေ ၃၅ ယောက် အထက် ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တာ ၂ ယောက်၊ ၃ ယောက်ပါတယ်။ အခြေ အနေက စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကညင်ကတိုက်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယာယီစာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကညင်ကတိုက်ရွာသို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျုံဒိုး၊ အုန်းတစ်ပင်၊ အင်းကြီးကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခမရ ၅၄၅ – ၅၄၆ တပ်ရင်းမှ ကော့ဝါလဲနှင့် ကမ်းနီကျေးရွာ များဘက်သို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါ ယာယီစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒဏ်ရာရရှိသူများကို ကျေးရွာ လူမှုကူညီရေးအဖွဲ့အစည်းများက မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...