စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၂) ခုကို မောင်းထုတ်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၂) ခုကို မောင်းထုတ်

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့  PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့နယ်မှာ ရှိတဲ့ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်ခွာသွားခိုင်းနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော် ၆ ရွာ၊ ကလားလမ်ရွာ စတဲ့ ကျေးရွာတွင်ဟာ ကျေးရွာအတွင်း ထွက်ခွာသွားပေးရမှာဖြစ်ပါတယ်။

ထွက်ခွာသွားတဲ့ ဒေသခံပြည်သူတွေကို တောင်ယာခင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံဖို့ကို ခွင့်မပြုထားပဲ တစ်နေရာထဲကို စုဝေးနေခိုင်းတာ ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကို ကျေးရွာကနေ မောင်းထုတ်ပြီးတစ်နေရာထဲမှာ စုဝေးပြီးနေခိုင်းတာဟာ လူထုတွေကို ဖမ်းဆီးပြီး ထောင်ထဲ ဆွဲထည့်လိုက်တာနဲ့ အတူတူပဲဖြစ်တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက အခုလို ပြောပါတယ်။

“ပြည်သူလူထုက စစ်ဘေးဒဏ်ကို မခံချင်လို့ စစ်ဘေးရှောင်စခန်း သွားနေတာတို့ တောင်ယာထဲသွားနေတာတို့ မပေးလုပ်ဘူးပေါ့လေ။ မွေတောင်ဘုရားဝိုင်းထဲကို အကုန်လုံး သွားစုရမယ်ဆိုတဲ့ အမိန့်မျိုး ပေးလာတာ ဖြစ်ပါတယ်။ ဒါက ကျေးရွာမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ဖမ်းပြီးတော့မှ ထောင်ထဲ ထည့်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်နဲ PNO ပူးပေါင်းတပ်တို့ ဖယ်ခုံအရှေ့ဘက်ကမ်းရှိကျေးရွာတွင်ဘက်ကို အင်အားအလုံးအရင်းနှင့်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ကျေးရွာတချို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိသလို့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း ဒေသခံ ကျောင်းနေအရွယ် လူငယ်တစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးသွားခဲ့ပါတယ်။

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...