သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီအလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။

လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ်ရှေ့တွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ချထာပြီး ခရီးသွားပြည်သူများ၏ မှတ်ပုံတင်ကို PSMS အက်ပလီကေးရှင်း အသုံးပြု၍ စစ်ဆေးမှု ပြုလုပ်နေကြောင်း အမည်မဖော်လိုသည့် ခရီးသွားပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပင်လုံတက္ကသိုလ်ရှေ့က ဂိတ်မှာ မှတ်ပုံတင် အစစ်ကြမ်းနေတာ၊ မှတ်ပုံတင်ရှိတဲ့ ဘယ်သူမဆို စစ်တယ်။ မှတ်ပုံတင်ယူပြီး သူတို့ ကွန်ပျူတာနဲ့ Tablet နဲ့ စစ်တယ်၊ အဓိက CDM ဝန်ထမ်းနဲ့ ပုဒ်မ(၅၀၅) ထိထားတဲ့ လူတွေကို အဓိက စစ်ဆေးနေတယ်” ဟု အဆိုပါ ခရီးသွားပြည်သူက ပြောသည်။

ထို့ပြင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် (၄၅) မိနစ်မှ တစ်နာရီအထိကြာအောင် စစ်ဆေးနေသည့်အပြင် တရုတ်လူမျိုး ခရီးသွားဖြစ်လျှင် ကျပ်ငွေ လေးသောင်းမှ ငါးသောင်းအထိ ပေးဆောင်မှသာ ပြန်လွှတ်ပေးကြောင်း ၎င်းအမည်မဖော်လိုသည့် ခရီးသွားပြည်သူက ဆက်ပြောသည်။

“ကျနော်တို့ရှေ့က တရုတ်တွေကို ပိုက်ဆံ လေးသောင်း၊ ငါးသောင်းလောက်တောင်းပြီး ပြန်လွှတ်လိုက်တယ်။ တိုင်းရင်းသားဆိုရင် အရမ်း အစစ်အဆေးကြမ်းတယ်၊ ဘာမှမတွေ့ရင်တော့ ပြန်လွှတ်ပေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သော မေလတွင်လည်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှ တောင်ကြီးမြို့သို့ နည်းပညာတက္ကသိုလ် တက်ရောက်ရန် ခရီးသည်တင်ကားပေါ် လိုက်ပါလာသူ ကျောင်းသူတစ်ဦးကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထိုဆော့ဝဲလ်ဖြင့် မှတ်ပုံတင်စစ်ဆေးရာ PDF များနှင့် ဆက်နွှယ်သည်ဟုဆိုကာ စစ်ကောင်စီက အေးသာယာမြို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၀ ည) ဖြင့် အမှုဖွင့်လှစ် တရားဆွဲဆိုခဲ့သည်။

အလားတူပင် ပြီးခဲ့သည့် မေလဆန်းပိုင်း တွင် ကျောက်မဲမြို့မှ သျှမ်းပြည်အရှေ့ပိုင်းသို့ ခရီးထွက်လာသည့် CDM သူနာပြုဆရာမတစ်ဦးလည်း တာကော်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီး တောင်ကြီးမြို့တွင် တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...