ပလက်၀မြို့နယ်က ရေဘေးသင့်ပြည်သူ ၆၇၀ လောက် အရေးပေါ် အကူအညီလိုအပ်

ပလက်၀မြို့နယ်က ရေဘေးသင့်ပြည်သူ ၆၇၀ လောက် အရေးပေါ် အကူအညီလိုအပ်

- အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေရဲ့နေအိမ် ၉၀ နီးပါး လုံးဝ ပျက်စီးသွားပြီး ရေဘေးသင့်ပြည်သူ ၆၇၀ လောက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ 

- ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့ ပြန်လည်သင့်မြတ်နိုင်ရေးအတွက် ဘာသာရေးဆရာ၊ ရပ်မိရပ်ဖတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ သဘောတူညီချက် ၈ ချက် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ တီးတိန်ဒေသခံပြည်သူ ၁,၃၀၀ ကျော် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ 

Most read this week

February 1, 2026
- လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွာသားတွေ အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့...
February 1, 2026
- ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က...
February 1, 2026
- ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော်တဲ့ စစ်တပ်ရွေးကောက်ပွဲက လူထုဆန္ဒအမှန်ပဲလား - မွန်ပြည်နယ်...
January 29, 2026
- ကရင်နီပြည် ဆိုမိုဖေစိုး‌လေးမြို့နယ်မှာ အရေပြားရောဂါ အဖြစ်များနေပြီး ကုသဖို့...