အင်းတော်ကြီးဒေသတွင် စာသင်ကျောင်းအများစု ပြန်လည်ဖွင့်လှစ်

အင်းတော်ကြီးဒေသတွင် စာသင်ကျောင်းအများစု ပြန်လည်ဖွင့်လှစ်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ KIA ထိန်းချုပ်ထားသည့် ကျေးရွာများတွင်  စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံ ရပ်မိရပ်ဖများထံမှ သိရသည်။

“မိုင်းပုတ်တို့၊ တုံပင်တို့ရွာဘက်ကတွေလည်း မိုးညှင်းကိုလာကြတယ်။ ရပ်မိရပ်ဖတွေက ပညာရေးမှူးဆီကို ဆရာ/မတွေကို ပြန်လွှတ်ပေးဖို့၊ သူတို့တွေ တာဝန်ယူမယ် ဘာမှမဖြစ်စေရဘူးဆိုပြီး။ သူတို့တစ်ခါလာသွားပြီးပြီ လုံခြုံရေးမယူပေးနိုင်လို့ ဒီက (ပညာရေးမှူး) ဘက်က  မပေးလိုက်ဘူး။ အခုတစ်ခေါက်ကတော့ KIA ကလည်း ခွင့်ပြုတယ်ထင်တယ်။ အဲ့ကြောင့် နောက်တစ်ခေါက် ထပ်လာတာ” လို့ ဖြစ်စဉ်ကိုသိတဲ့ ပညာရေးဌာနနဲ့ နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကိုင်း-ကချင် နယ်စပ်က ကျေးရွာများသည် ပြီးခဲ့သည့် စာသင်နှစ်များ ဖွင့်လှစ်ခဲ့သော်လည်း တိုက်ပွဲများကြောင့် ခတ္တပိတ်ထားခဲ့ကြပြီး အခုနှစ်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဘက်ခြမ်း ဟုမ္မလင်းမြို့နယ်ရှိ နမ့်နစ်၊ ပက္ကလာ၊ ပါဟုတ်ကြီး စသည့် ကျေးရွာများတွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရသည်။

ကနဦးသတင်းများအရ အင်းတော်ကြီးဒေသ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် KIA+PDF များက စစ်ကောင်စီရဲ့ ကျောင်းများကို ဖွင့်လှစ်ခွင့် ပိတ်ပင်လိုက်ပြီး ၎င်းတို့က ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း ရပ်ရွာများကို အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြောဆိုခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ စာသင်ကျောင်းများကို စစ်ကောင်စီရဲ့ ပညာရေးဝန်ထမ်းများဖြင့် ဖွင့်လှစ်နိုင်ကြောင်း အသိပေးလာသည့်အတွက် ဆရာ/မများကို ပြန်လည်ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု အင်းတော်ကြီးဒေသ ခံများထံမှသိရသည်။

အင်းတော်ကြီးဒေသမှာ အထကကျောင်း (၁၀) ကျောင်း၊ အလကျောင်း (၉) ကျောင်းနဲ့ မူလတန်း၊ မူလတန်းကြိုကျောင်း စုစုပေါင်း ၅၉ ကျောင်းအထိရှိပြီး  နှစ်စဉ် ကျောင်းသား/သူ တစ်သောင်းနီးပါး စာသင်ကြားနေကြသည်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...