ရဲစခန်းမှူး ငွေယူပြီး လောင်းကစားဝိုင်းခွင့်ပြု

ရဲစခန်းမှူး ငွေယူပြီး လောင်းကစားဝိုင်းခွင့်ပြု

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကံမော်ကျေးရွာတွင် ရဲစခန်းမှူးဆိုသူမှ လိုင်းကြေးကောက်ခံပြီး လူမြင်ကွင်းတွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်နေသည်ဟု ရွာသားများက ပြောသည်။

ကံမော်ကျေးရွာရှိ ဆေးရုံကြီးနှင့် သူနာပြုအဆောင်ကြားမှ သစ်ပင်ကြီးအောက်တွင် ကံမော်ကျေးရွာ ရဲစခန်းမှူးက လောင်းကစားခွင့်ပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “ဆေးရုံကြီးရဲ့ အနောက်ဘက်က သစ်ပင်ကြီးအောက်မှာ နေ့တိုင်းလိုလို ဖဲဝိုင်းရှိတယ်။ ဖဲဝိုင်းက ကြေးကြီးတယ်၊ တစ်ခါထိုးရင် လေးငါးသောင်း အနည်းဆုံးပဲ၊ တချို့မိန်းမတွေပါ ဝင်ကစားနေတာ တစ်နေကုန်လုံးလိုလိုပဲ” ဟု ပြောသည်။

ကစားဝိုင်းတွင် လာရောက်၍ ဖဲရိုက်သူများဆီမှ တစ်ဦးလျှင် အနည်းဆုံး ၂ သောင်းကျပ် ကောက်ခံသည်ဟု ရွာသားများက ဆိုသည်။

တရားမဝင် လောင်းကစားဝိုင်းကို နေ့စဉ် နံနက် ၉ နာရီမှ စတင်၍ ညဘက်အထိ တစ်နေ့ကုန် ဖွင့်လှစ်ပေးထားပြီး အနည်းဆုံး သိန်းဆယ်ချီမှ သိန်းရာချီသည်အထိ လာရောက်ကစားကြလေ့ရှိနေသည်ဟု ဆိုသည်။

ကံမော်ကျေးရွာအတွင်း ဖဲဝိုင်းနှင့် လောင်းကစား ပြုလုပ်ခြင်းများကို ယခင်က ဖမ်းဆီးခြင်းမျိုးများရှိခဲ့သော်လည်း ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်မှ စတင်ပြီး စခန်းမှူးဆိုသူမှ လိုင်းကြေးကောက်ခံကာ ဖဲဝိုင်းကို ပြုလုပ်လာသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ရှိသူကိုယ်တိုင် တရားမဝင် ဖဲကစားဝိုင်းလုပ်နေခြင်းကြောင့် ကျေးရွာအတွင်းရှိ လူငယ်များနှင့် အမျိုးသမီးများပါမကျန် သွားရောက်ကစားနေကြရာ အချို့ဆိုလျှင် စီးပွားပင် ပျက်နေကြသည့်သူများပင် ရှိနေသည်ဟု ဆိုသည်။

ရပ်ရွာအတွင်း အကျင့်စာရိတ္တပိုင်းများ ချို့ယွင်းလာနိုင်နေသဖြင့် စည်းကမ်းပျက် တရားမဝင်သည့် လောင်းကစားဝိုင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် လိုလားနေကြသည်ဟု ရွာသားများကပြောသည်။

ကံမော်ဆေးရုံကြီး၏ အရှေ့ဘက်တွင် စစ်ကောင်စီတပ်စခန်းရှိနေပြီး တပ်စခန်းထဲမှ တာဝန်ရှိသူအချို့ကလည်း လောင်းကစားဝိုင်း ဖြစ်မြောက်ရေးတွင် ပါဝင်ပတ်သက်နေသည်ဟု ရွာသားများက ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 12, 2026
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး...
September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...