ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ လုံးခင်းအုပ်စုက KIA တပ်သားတွေရှိတဲ့ ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်

ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ လုံးခင်းအုပ်စုက KIA တပ်သားတွေရှိတဲ့ ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်

ကချင်ပြည်နယ် ဖားကန့်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်မကုန်းကနေ မနေ့ည ၁၁ နာရီ အချိန်လောက်က လုံးခင်းကျေးရွာအုပ်စု (၅) မိုင် (၆) မိုင် ကျေးရွာတွေဘက် လက်နက်ကြီး သုံးကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သားတွေရှိတဲ့ (၅) မိုင် (၆) မိုင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို  ပြောပါတယ်။

“လက်နက်ကြီးပစ်တာပေါ့ တပ်မကုန်းကနေ။ KIA တွေရှိတဲ့နေရာတွေကို ပစ်တာပေါ့။ မဇွပ်ယန်ထောင်က ပစ်တာတော့ မကြားမိဘူး။ ကျွန်တော်တို့ဘက်မှာပဲ သတင်းမဝင်တာလား မသိဘူး” လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ လက်နက်ကြီးပစ်ခတ်တဲ့ အသံကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ စိုးရိမ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

“မနေ့က ညအိပ်ပျော်နေတဲ့အချိန် အမြောက်ပစ်တာပေါ့။ အသံက ကြောက်စရာကြီး။ ကျွန်မတို့ အိပ်နေတာကိုမှ လန့်နိုးလာတာ ဟုတ်တယ်“ လို့ မှော်စီစာကျေးရွာ ဒေသခံအမျိုးသမီးက ပြောပါတယ်။

မနေ့ကလည်း တံတားညီနောင်ကျေးရွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်လာတဲ့အတွက် စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကတည်းက မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း စစ်ကောင်စီပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးနေတာဖြစ်ပြီး KIA/KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာကို ကျော်လွန်ပြီးတော့ ကပ်မှော်ဇွပ်ကျေးရွာမှာ တပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ တိုက်ပွဲအခြေအနေတွေကြောင့် မြစ်ကြီးနား - ဖားကန့်လမ်းတစ်လျှောက်က မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော်၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ ကျောက်ဖျာ၊ နန့်တိန်း၊ ပျားအုံ စတဲ့ ကျေးရွာဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...