ရခိုင်ပြည်နယ် စစ်ကောင်စီအစည်းအဝေးသို့ ရခိုင်လူမျိုးဝန်ကြီးများအား တက်ရောက်ခွင့်မပြုတော့ဟုဆို

ရခိုင်ပြည်နယ် စစ်ကောင်စီအစည်းအဝေးသို့ ရခိုင်လူမျိုးဝန်ကြီးများအား တက်ရောက်ခွင့်မပြုတော့ဟုဆို

ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အစည်းအဝေးများအပါအဝင် တစ်ခြား အရေးကြီးသည့် အစည်းအဝေးများသို့  ရခိုင်လူမျိုး ပြည်နယ်ဝန်ကြီးများအနေဖြင့် တက်ရောက်ခွင့် မရတော့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “အခု ရခိုင်လူမျိုးဝန်ကြီး ဖယ်ထုတ်ခံလိုက်ရပြီ။ သူတို့ကို မယုံလို့ အရေးကြီးတဲ့ ဘယ်အစည်းအဝေးကိုမှ မခေါ်တော့ဘူး သိရတယ်။ အထူးသဖြင့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွေနဲ့ တခြား အရေးကြီးတဲ့ အရေးပေါ် အစည်းအဝေးတွေဆို အနားတောင် မကပ်ရတော့ဘူးလို့ သိရပါတယ်” ဟု ပြောသည်။  

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရရုံးတွင် နပခတိုင်းမှူး ၊ ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်း၊ နယ်လုံဝန်ကြီး ကျော်သူရတို့  အစည်းအဝေးလုပ်တိုင်း ရခိုင်လူမျိုး ဝန်ကြီးများအနေဖြင့် အစည်းအဝေး တက်ရောက်ခွင့်မရတော့သလို အကြောင်းအမျိုးမျိုးပြပြီး ပြင်ပသို့ ပထုတ်ခံနေရသည်ဟု ဆိုသည်။

“ရခိုင်လူမျိုး ဝန်ကြီးတွေက ရှေ့နေစံရွှေမောင်၊ ဦးစိုးနိုင်တို့ ဦးလှသိန်းတို့ရှိတယ်လေ။ သူတို့ အစည်းအဝေးလုပ်ရင် ဝင်ခွင့်မရတော့ဘူး။ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တံခါးပိတ် ကျင်းပတာ။ အဆိုးဆုံးက နယ်လုံဝန်ကြီး ကျော်သူရဘဲ။ သူ့ကို ရခိုင်ဝန်ကြီးတွေက ကြောက်နေကြရတယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။

ယခင်က ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းမှ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ရခိုင်လူမျိုးဝန်ကြီးများနှင့် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုင်ပင်ဆွေးနွေးမှု မရှိတော့ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ရခိုင်လူမျိုးများဖြစ်ကြသည့် စီးပွားရေးဝန်ကြီး ရှေ့နေ ဦးစံရွှေမောင်၊ လူမှုရေးရာဝန်ကြီး ဦးစောနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ဥပဒေချုပ် ဦးလှသိန်းတို့  ရှိကြသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းအား ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...