ဒီပဲယင်းတွင် စာသင်ကျောင်းဗုံးကြဲခံရ၍ ၁၃ ဦး သေဆုံး၊ ၅၀ ထက်မနည်း ဒဏ်ရာရ

ဒီပဲယင်းတွင် စာသင်ကျောင်းဗုံးကြဲခံရ၍ ၁၃ ဦး သေဆုံး၊ ၅၀ ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ (မေလ ၁၂ ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ဆရာ၊ ဆရာမ နှစ်ဦးနှင့် ကျောင်းသူ၊ ကျောင်းသား ၁၁ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိကြောင်း ဒေသခံများက မဇ္ဈိမသို့ အတည်ပြုသည်။

အိုးထိန်းတွင်းကျေးရွာ အလယ်တန်းစာသင်ကျောင်းအတွင်း၌ ကျောင်းသူ၊ ကျောင်းသားများ ရှိနေချိန် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တခုက မဇ္ဈိမသို့ ပြောသည်။

“စာမေးပွဲဖြေနေတဲ့အချိန် ဂျက်ဖိုက်တာနဲ့ ချသွားတာ။ ကလေးတွေနဲ့ ဆရာမတွေ အများအပြား ထိခိုက်၊ သေဆုံးတယ်လို့ သိရပါတယ်။ မျက်လုံးတွေပါ ကျွတ်ထွက်တာတွေရော၊ အခြေအနေ တော်တော်ဆိုးတယ်” ဟု ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီ လ မှ ယနေ့ မေလ ၁၂ ရက်နေ့ အထိ ဒီပဲယင်းမြို့နယ်အတွင်းတွင် လေကြောင်း တိုက်ခိုက်မှု လေးကြိမ်အထိပြုလုပ်ထားပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒီပဲယင်းမြို့ နယ်ညီနောင်များအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ ကလည်း ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့သည့် ဒီပဲယင်းမြို့နယ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုများပြု လုပ်လာနေသည့်အတွက် လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြရန်နှင့် ပုန်းခိုကျင်းများ တူးဖော်ကြရန်လည်း ဒေသအခြေစိုက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကို တိုက်တွန်းထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...