ချင်းပြည်နယ်နဲ့ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်း အားလုံးနီးပါး ပြတ်တောက်နေ

ချင်းပြည်နယ်နဲ့ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်း အားလုံးနီးပါး ပြတ်တောက်နေ

ဟားခါး၊ တီးတိန်မြို့များအပါအဝင် ချင်းပြည်နယ်နဲ့ ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်း အားလုံးနီးပါး ပြတ်တောက်နေပြီး MPT  ဖုန်းလိုင်းတစ်ခုသာ အနည်းငယ်သုံးလို့ရတာကြောင့် MPT ဆင်းကဒ်တစ်ခုကို ကျပ် ၄၅,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူနေကြပြီး လက်ရှိ ဆင်းကဒ်တွေ ဝယ်ယူစရာမရှိအောင် ပစ္စည်းပြတ်လပ်နေတယ်လို့လည်း ကလေးမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ကလေးမြို့မှာ ဝredoo , Atom  , Mytel ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပျက်နေတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်လောက်ရှိပြီ  MPT တစ်ခုဘဲ ဝိုင်ဖိုင်နဲ့ ဒေတာ နည်းနည်းပါးပါးသုံးလို့ရတယ် ဖုန်းလိုင်းလည်း ရတချက် မရတချက်ပေါ့  အခု MPT ဆင်းကဒ်တစ်ခုကို ၄ သောင်းကနေ ၄သောင်းခွဲအထိ ရောင်းနေကြတယ် အဲဒါတောင်ဝယ်ဖို့ မရှိတော့လောက်အောင် ပစ္စည်းပျက်နေတယ်လို့ သိရတယ် နောက်ပြီး MPT ငွေဖြည့်ကဒ်တောင် ပြတ်သွားပြီလို့သိရတယ် ဘာကြောင့် အခုလို လိုင်းတွေ ပြန်ပြတ်တာလည်းဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့တုန်းကလည်း ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ  ရက်အတော်ကြာ ပြတ်တောက်ခဲ့ပါတယ်။

ကလေးမြို့မှာ မကြာခဏ အခုလိုဘဲ ဆက်သွယ်ရေးလိုင်းတွေကို ပြတ်တောက်နေလျက်ရှိနေပါတယ်။

ချင်းပြည်နယ်မှာလည်း ဟားခါးမြို့အပါအဝင် တခြားနေရာအားလုံးမှာ  ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ  ပြတ်တောက်နေပါတယ်။

ချင်းပြည်နယ်မြို့တော် ဟားခါးမှာတော့ ပြီးခဲ့တဲ့ ဧပြီလကစပြီး အခုအချိန်အထိ ဖုန်းလိုင်း ပေါ်လိုက်၊ ပျောက်လိုက်နဲ့ ဖြစ်နေတယ်လို့သိရပါတယ်။

ဒါ့ကြောင့်လည် ဟားခါးမြို့ဒေသခံတွေဟာ ဝိုင်ဖိုင်၊ စတားလင့်စက်တွေနဲ့  အင်တာနက်လိုင်း သုံးနေရတယ်လို့လည်း သိရပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...