ငလျင်ကြောင့် အဖြေလွှာမီးလောင်သွားတဲ့ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးက ကျောင်းသူ/သားတွေကို စာမေးပွဲပြန်ဖြေခိုင်း

ငလျင်ကြောင့် အဖြေလွှာမီးလောင်သွားတဲ့ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးက ကျောင်းသူ/သားတွေကို စာမေးပွဲပြန်ဖြေခိုင်း

တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးသွားခဲ့တဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ နေရာက ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ လာမယ့်ဇွန်လအတွင်း စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ စစ်ကောင်စီရဲ့ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းဖွင့်ကာလ ဇွန်လ ၁၆ ရက် (တနင်္လာ) ကနေ ဇွန်လ ၂၁ ရက် (စနေ) ရက်နေ့အတွင်း အဖြေလွှာတွေ ပျက်စီးခဲ့တဲ့ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ ပြန်လည် စစ်ဆေးကျင်းပသွားမှာဖြစ်တယ်လို့ ဒီကနေ့ ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

ပြန်လည်စစ်ဆေးမယ့် စာမေးပွဲကို ပြီးခဲ့တဲ့မတ်လ စစ်ဆေးချိန်က ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူတွေကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီးတော့ ဖြေဆိုခွင့်ရရှိသူစာရင်းကို သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေနဲ့ စာစစ်ဌာနတွေမှာ ကြေညာပေးမှာအပြင်  ဖြေဆိုခွင့်ကတ်ပြားတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမယ်လို့လည်း ပြောဆိုထားပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်းအားပြင်း ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးတာနဲ့ မီးလောင်တာတွေဖြစ်ပွားခဲ့ပြီး အဲဒီမှာ စာစစ်လုပ်ငန်းဆောင်ရွက်နေတဲ့ ကချင်၊ မန္တလေးနဲ့ စစ်ကိုင်းတို့က အဖြေလွှာတွေ မီးလောင်ပျက်စီးသွားခဲ့ရတာဖြစ်ကြောင်း စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ်က ဖြေဆိုသူဦးရေ ၈,၆၉၉ ဦးရဲ့ အဖြေလွှာအုပ်ရေ ၅၂,၁၈၉ အုပ်၊ မန္တလေးတိုင်းက ဖြေဆိုသူဦးရေ ၄၆,၉၄၄ ဦးရဲ့ အဖြေလွှာ ၂၈၀,၉၄၀ အုပ်အပြင် စစ်ကိုင်းတိုင်းက ဖြေဆိုသူဦးရေ ၇,၃၁၁ ဦးရဲ့ အဖြေလွှာ ၄၃,၈၂၇ အုပ်တို့ ပျက်စီးဆုံးရှုံးခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

အဖြေလွှာတွေပျက်စီးသွားတယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက် ကချင်ပြည်နယ်က မြစ်ကြီးနားမြို့အပါအဝင် မြို့တချို့မှာရှိတဲ့  ကျောင်းသူ/ကျောင်းသား တချို့ကတော့ အဆောင် ပြန်ဝင်တာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေထံက ကြားသိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ - ၂၀၂၅ ခုနှစ် ၁၂ တန်းတက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း စစ်ဆေးကျင်းပခဲ့တာဖြစ်ပြီး ဖြေဆိုဖို့ စာရင်းသွင်းထားသူ နှစ်သိန်းနှစ်သောင်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ကတော့ စစ်ကောင်စီရဲ့ အစီစဉ်ဟာ မတရားတဲ့လုပ်ရပ်ဖြစ်ကြောင်း ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက အဖြေလွှာမီးလောင်သွားတဲ့ ကျောင်းသားတွေ စာမေးပွဲပြန်ဖြေရမယ်လို့ အခုလို မကြေညာခင်ကတည်းက ပြန်ဖြေဆိုခိုင်းဖို့ စီစဉ်တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...