ဆိုမိုဖေစိုးလေးမြို့နယ်က အမှတ် ၂ စစ်ရှောင်စခန်းမှာ အလယ်တန်းအဆင့်ထိ ကျောင်းဖွင့်နိုင်ဖို့ အကူအညီလိုအပ်နေ

ဆိုမိုဖေစိုးလေးမြို့နယ်က အမှတ် ၂ စစ်ရှောင်စခန်းမှာ အလယ်တန်းအဆင့်ထိ ကျောင်းဖွင့်နိုင်ဖို့ အကူအညီလိုအပ်နေ

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတောမြို့နယ်) က အမှတ် ၂ စစ်ရှောင်စခန်းမှာ အလယ်တန်းကျောင်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပြီး အကူအညီလိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာမတစ်ဦးက ပြောပါတယ်။

“လာမယ့်နှစ်ဆိုရင်တော့ Grade 7 ၊ 8 အထိဖွင့်မလို့။ နောက်လာမယ့်နှစ်မှ ဆက်သွားမယ်ပေါ့။ တချို့ကလေးတွေက ကျောင်းတက်ချင်ပေမယ့် မသွားနိုင်ဘူးပေါ့နော တောင်ပေါ်ကျောင်းတို့ အထက၊ အလယ်တန်းရှိတဲ့ ကျောင်းတွေကို သူတို့မသွားနိုင်ဘူးလေ။ အဲ့ဒါနဲ့ ကျမတို့က ဒီမှာပဲ ရအောင်လုပ်ပေးမယ်ပေါ့။ စာအုပ်တွေတော့ ဘုတ်တာဝန်ခံပေါ့ ရှာပေးတယ်ပေါ့” လို့ ကျောင်းတာဝန်ခံ ဆရာမတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စာသင်ကျောင်းဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ ရှားတောမြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။

လတ်တလောမှာတော့ အဲ့ဒီစာသင်ကျောင်းမှာ KG တန်းကနေ Grade 5 ထိ ဖွင့်လှစ်သင်ကြားနေတာပါ။ သင်ကြားမယ့် ဆရာ၊ ဆရာမ အခက်အခဲကြောင့် Grade 6 ကို တက်ရောက်ရတဲ့ ကျောင်းသားတွေက အမှတ် (၁) စစ်ရှောင်စခန်းမှာ ၆ လ တစ်ဖြတ်ပုံစံနဲ့ သွားရောက်သင်ကြားရတယ်လို့ သိရပါတယ်။

KG တန်းကနေ Grade 5 ထိ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်ပြီးဆုံးသွားတဲ့ ကျောင်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

လာမယ့် ပညာသင်နှစ်အမီ အလယ်တန်းကျောင်းအဆင့် ကို တိုးမြင့်နိုင်ဖို့အတွက် လိုအပ်တဲ့ ကျောင်းဆောင်အမိုး၊ စာရေးကိရိယာ၊ White Board နဲ့ တခြား သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆရာမက ဆက်ပြောပါတယ်။

“ကျမတို့ ဒီကျောင်းရဲ့ အမိုးပေါ့နော အမိုးကျန်သေးတဲ့ဟာရယ် အဲ့ဒါလည်း အကူအညီတောင်းချင်တယ်။ စာရေးကိရိယာတွေ ရမယ်ဆိုရင်လည်း ကူညီပေးဖို့ပြောချင်ပါတယ် ကလေးအတွက်ပဲပေါ့နော။ ဝိုက်ဘုတ်ဆိုလည်း မကောင်းတော့ဘူး။ အဓိက လိုမယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်စာသင်ကျောင်းမှာတော့ ဆရာ၊ ဆရာမ (၁၀) ဦး၊ ကျောင်းသားပေါင်း ၈၄ ဦးရှိတယ်လို့ သိရပါတယ်။

July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...
July 20, 2026
ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့်...
July 17, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်...