စစ်ကောင်စီက အပစ်ရပ်ထားထားသော်လည်း ကျောက်ဖြူတွင် ခံစစ်များ တိုးချဲ့တည်ဆောက်နေ

စစ်ကောင်စီက အပစ်ရပ်ထားထားသော်လည်း ကျောက်ဖြူတွင် ခံစစ်များ တိုးချဲ့တည်ဆောက်နေ

စစ်ကောင်စီက အပစ်အခတ်ရပ်နားထား‌သော်လည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ခံစစ်များတိုးချဲ့တည်ဆောက်နေပြီး ဒရုန်းများကိုလည်း လွှတ်တင်ထားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာအနီးရှိ တရုတ်ဓာတ်ငွေ့သန့်စင်စက်ရုံအနီးအနားဝန်းကျင်တွင် ဘန်ကာများ၊ ကတုတ်ကျင်းများတူးဖော်ပြီး ခံစစ်တိုးချဲ့ တည်ဆောက်နေသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မလကျွန်းဖက်မှာ အပစ်အခတ်မရပ်စဲခင်က ကျင်းတူးတာတွေလောက်ပဲ နည်းနည်းပါးပါးလုပ်ထားတာရှိတယ်။ အခုအပစ်ခတ်ရပ်ပြီးနောက်ပိုင်း ဘန်ကာတွေ အခိုင်အမာတည်ဆောက်နေတယ်။ ပိုလုပ်လာတဲ့သဘောပေါ့။ အရင်က တိုက်ပွဲနဲ့ဆို သိပ်မရဘူးလေ" ဟု ပြောသည်။

အဆိုပါစက်ရုံတွင် ပြင်ရှည်ကျေးရွာမှနောက်ဆုတ်လာသည့်စစ်ကောင်စီတပ်သားများလည်း စုပေါင်းနေထိုင်ကာ ခံစစ်အခိုင်အမာပြင်နေကြောင်း သိရသည်။

ယင်းအပြင် ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်၊ မလကျွန်းကျေးရွာတို့တွင်လည်း ကတုတ်ကျင်း၊ ဘန်ကာများဆောက်လုပ်ရန်ပြင်ဆင်နေသည်ဟု သူက ပြောသည်။

သစ်ပုတ်တောင်တိုက်နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး စည်မော်ကျေးရွာတွင်လည်း ခံစစ်များပြင်ဆင်ထားသည်ဟု သစ်ပုတ်တောင်တိုက်နယ်မှ ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဓညဝတီဖက်ကတော့ တိုက်ပွဲတွေရပ်တန့်နေတာ တစ်ပတ်လောက်တော့ရှိပြီပေါ့နော်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ရင်းအနီးအနားတွေမှာဖြစ်တာ။ တိုက်ပွဲရပ်ထားပေမဲ့ စစ်ကောင်စီဖက်က ညဖက် စစ်ကြောင်းထိုးတာရှိတယ်။ ခံစစ်ကိုလည်း အရင်ကထက် ပိုလုပ်နေတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်နှင့် သစ်ပုတ်တောင်တိုက်နယ်တွင်လည်း ကင်းထောက်ဒရုန်းနှင့် လက်နက်ပစ်ဒရုန်းများလည်း ဝဲပျံနေကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အများအပြား၏ ထိုးစစ်များကို ရပ်နားထားသလို စစ်ကောင်စီဘက်ကလည်း ရက်ပေါင်း ၂ဝ ကြာ အပစ်ရပ်နားထားသည်ဟု ထုတ်ပြန်ကြေညာထားသည်။

August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...
ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...