တောင်ကုတ်သို့ပြန်သည့် စစ်ရှောင် ၁ဝ ကျော်ကို စစ်ကောင်စီက ဥသျှစ်ပင်တွင် ဖမ်းဆီး

တောင်ကုတ်သို့ပြန်သည့် စစ်ရှောင် ၁ဝ ကျော်ကို စစ်ကောင်စီက ဥသျှစ်ပင်တွင် ဖမ်းဆီး

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဘက်မှ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်ရှောင် ၁ဝ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများအထဲတွင် အမျိုးသမီးငယ်၊ အမျိုးသားငယ်နှင့် လူကြီးပိုင်းအမျိုးသမီးနှင့် အမျိုးသားများပါဝင်ကြောင်း ဒေသခံများက ပြောသည်။

သူတို့သည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း ဥသျှစ်ပင်မြို့ဖက်သို့ စစ်ဘေးရှောင်သွားခဲ့ကြပြီးနောက် မတ်လ ၁၁ ရက်တွင် နေရပ်ပြန်လာစဉ် ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ရွာအနီးတွင် ပုန်းခို၍စောင့်နေသည့် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် စစ်ရှောင်များကို လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ကာ ညောင်ခြေထောက်ရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ပထမကတော့ ညောင်ကျိုးဖက်ကို ဖမ်းသွားတယ်။ ပြီးမှ ညောင်ခြေထောက် ကပစကို‌ခေါ်သွားတယ်။ လက်နောက်ပြန်ကြိုးတုပ်ပြီးခေါ်တယ်။ ရိုက်လည်း ရိုက်တယ်။ အမျိုးသမီးငယ်တွေပါတော့ စိုးရိမ်ရတယ်" ဟု ပြောသည်။

အဆိုပါစစ်ရှောင် ၁ဝ ကျော် ဖမ်းဆီးခံလိုက်ရသည်ကို မြင်လိုက်ရသော်လည်း အမည်နှင့် နေရပ်ကို မသိခဲ့ရဟု ပြောသည်။

ပြည်မဘက်သို့စစ်ရှောင်နေသည့် ရခိုင်လူမျိုးများသည် ယခုနောက်ပိုင်း မိမိနေရပ်သို့အပြန်လမ်းခရီးများတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် ငွေညှစ်ခြင်းတို့ကို ခံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ရှောင်နေကြသည့် အမျိုးသမီးများအပါအဝင် ရခိုင်မှစစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...