မြင်းခြံမြို့နယ်အတွင်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

မြင်းခြံမြို့နယ်အတွင်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

မန္တလေတိုင်း၊ မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်း လယ်သစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာသွားကြောင်း နဂါးနီးပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်နေ့ အထိ မြင်းခြဲံမြို့ မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ ထိခိုက်မှု အများအပြားရှိကြောင်း နဂါးနီးပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ တာဝန်ရှိသူက ပြောသည်။

၎င်းက “သူတို့ တက်လာလိုက် ကျတော်တို့နဲ့ တိုက်လိုက်၊ ကျတော်တို့က လိုက်ကပ်ပြီးတိုက်လိုက်နဲ့ တိုက်နေတာ သူတို့ဘက်က အထိနာလို့ လေကြောင်းကနေ ငါးကြိမ်တိတိ လာကြဲသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဓူဝံကျေးရွာ၊ မတ်လ ၁ ရက်နေ့တွင် တူရွင်းဘို့ကျေးရွာနှင့် မတ်လ ၂ ရက်နေ့တွင် ကျောက်ပြုတ်ကျေးရွာများကို မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“တူရွင်းဘို့၊ ကျောက်ပြုတ်သစ်ရုံနဲ့ အနီးအနားကျေးရွာတွေကတော့ တိုက်ပွဲစဖြစ်ကတည်းက တိမ်းရှောင်နေရတာ“ ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ (မတ်လ ၃ ရက်) တွင် အဆိုပါနေရာများ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကြောင်းက မြင်းခြံထဲ ပြန်မဆုတ်သေးဘဲ လယ်သစ်ပျူရွာ၌ တပ်စွဲထားဆဲဖြစ်ပြီး နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေသည့် အခြေအနေဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

“အခြေအနေစောင့်ကြည့် နေရဆဲပဲ” ဟု ၎င်းက ပြောသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က မြင်းခြံခရိုင်တခုလုံးအတိုင်းအတာဖြင့် မြင်ခြံ၊ နွားထိုးကြီး၊ တောင်သာ စသည့် မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်လုနီးပါး ဖြစ်ခဲ့သေးသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...