သထုံခရိုင်ဒေသခံတို့ကို နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းရေးဌာနသို့ ပို့ဆောင်နေ

သထုံခရိုင်ဒေသခံတို့ကို နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းရေးဌာနသို့ ပို့ဆောင်နေ

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ဒေသခံတို့ကို စစ်ကောင်စီအဖွဲ့တို့က နေ့ခင်းပိုင်းတွင်ပင် လိုက်လံဖမ်းဆီးပြီး သက်ဆိုင်ရာ စစ်မှုထမ်းစုဆောင်းရေးဌာနသို့ ပို့ဆောင်နေကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

ယခု ဖေဖော်ဝါရီလအတွင်း အသက် (၁၆) နှစ်မှ အသက် (၃၀) အကြားရှိ သထုံခရိုင်မှ ဒေသခံအမျိုးသား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး သတင်းအစနပျောက်ဆုံးနေကြောင်း ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

အရပ်ဝတ်ဖြင့် လူရှင်းသည့် လမ်းဆုံလမ်းခွနေရာတို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့် ပျုစောထီးအဖွဲ့တို့ ပူးပေါင်းပြီး နေခင်းပိုင်းနှင့် ညပိုင်းပါ ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ဘီလင်းဒေသခံတစ်ဦးကဆိုသည်။

“ဘေးတွဲသမားတစ်ယောက် မိသွားတာကလည်း ပေါ်တာထဲပါသွားတယ်။ ဖမ်းဆီးပြီးသွားရင် ငွေနဲ့ပြန်လဲလို့မရတော့ဘူး။ မိသားစုတွေက ပြန်လိုက်လို့လည်းမရတော့ဘူး။ သူတို့ (စကစ) ဘက်ကနေလည်း သတင်းမပြန်တော့ဘူး’’ ဟု ပြောသည်။

ယခင် စစ်ကောင်စီဘက်မှ ဖမ်းဆီးခံရသူတို့သည် ငွေကြေးပေးဆောင်ပြီးပါက ပြန်လည်လွတ်မြောက်နိုင်သော်လည်း လက်ရှိတွင် ငွေကြေးနှင့် မဖြေရှင်းနိုင်သည့်အပြင် မိသားစုနှင့်လည်း အဆက်သွယ်လုံးဝမရတော့ကြောင်း တော်လှန်ရေးအဖွဲ့ ဘီလင်းဒေသခံတစ်ဦးက ယခုလိုပြောပြထားသည်။

လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်ခြင်းအပြင် အင်အားအမြောက်အများဖြင့် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးစဉ်တွင်လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် ပတ်သက်ဆက်သွယ်သည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အကြောင်းမကြားဘဲ လူမသိသူမသိ ဖမ်းဆီးခေါ်ဆောင်မှုတို့လည်း လုပ်ဆောင်လျှက်ရှိသည်။

အလားတူ ပေါင်မြို့နယ်တွင်လည်း ဒေသန္တရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ဒေသခံလူငယ်များအား ဖမ်းဆီးနေမှုမှာ တစ်နေ့တစ်နေ့ထက် အခြေနေဆိုးရွားလာနေကြောင်း ပေါင်မြို့ခံလူငယ်တစ်ဦးက ပြောသည်။

“အကိုတို့က အပြင်မထွက်ရဲတော့ဘူးဆိုတာက ထွက်လို့မရတော့ဘူးဆိုတော့လည်း မဟုတ်ဘူး။ ထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်ရင် ကိုယ့်အတွက်က ဘာမှလုံခြုံမှုမရှိတော့ဘူး။ ရှင်းရှင်းပြောရရင်တော့ ထိုင်းနိုင်ငံမှာ တရားမဝင်နည်းနဲ့နေရင်တောင်မှ မြန်မာနိုင်ငံထက်တောင် ပိုလုံခြုံနေသေးတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ ဖမ်းဆီးမှု ပိုမိုတင်းကျပ်လာသည်နှင့်အမျှ ဒေသခံလူငယ်အများစုမှာ တော်လှန်ရေးအင်အားစုတို့နှင့်ပူးပေါင်းမှု ခပ်စိပ်စိပ်ရှိလာကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း၏ ပြောပြချက်အရ သိရသည်။

စစ်မှုထမ်းနည်းဥပဒေသစ်ကို ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်လာသည့်နောက် နိုင်ငံအနှံ့အပြားရှိ အသက် ၁၈ နှစ်မှ ၂၇ အရွယ်ကြားရှိ အမျိုးသမီးတို့ကို အဓိကထားပြီး စစ်မှုထမ်းအတွက် စုဆောင်းခံနေရသည်ဟုလည်း အမျိုးသမီးအရေးလှုပ်ရှားနေသည့် BWU အဖွဲ့၏ လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက် ကာကွယ်ရေးဝန်ကြီးဌာန (MOD) က စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။

မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...