ကလေး-ဂန့်ဂေါ လမ်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းကနေ အဆက်မပြတ် ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ကလေး-ဂန့်ဂေါ လမ်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းကနေ အဆက်မပြတ် ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ၂ ရက်ဆက်တိုက် လေကြောင်းကနေ အဆက်မပြတ် ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးပြောတာက “ဂျက်ဖိုက်တာတွေ ခဏလေးပြန်သွားတာမျိုးဘဲရှိတယ်။ Y -12 က အဓိကကြတယ်။ လေယာဉ်သေးသေးနဲ့ ဗုံးတွေအများကြီးတင်ပြီးမှ လူနဲ့ပစ်ချတာဆိုတော့ ပတ်ပြီးမှကို ချတယ်။ တစ်ခါချရင် အလုံး ၃၀ ကနေ ၅၀  ချတယ်။ သူက အကြာကြီးလည်းပျံနိုင်တာဆိုတော့ မနေ့ညကနေ ဒီကနေ့ထိပေါ့။ ကလေးမြို့လေယာဉ်ကွင်းမှာ ဆင်းပြီးရင် လေယာဉ်ဆီတွေဖြည့်ပြီး ပြန်တက်ပြီး ပတ်ကြဲနေတာပေါ့။ ကလေးတောင်ပိုင်းဘက်က တစ်ရွာထဲလို့ ပြောလို့မရဘဲ။ အကုန်အနှံ့ကြဲနေတာပေါ့။ ထိခိုက်ဒဏ်ရာရတာတော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းဘေးက ကျေးရွာ ၁၀ ကျော်ကို စစ်ကောင်စီက နေ့နေ့ညည ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး ထမင်းချက်လို့ မီးခိုးထွက်ရင်လည်း  ဗုံးကြဲချနေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်းထိစပ်နေတဲ့ ဆည်တောကျေးရွာနားက ကလေး - ဂန့်ဂေါလမ်း ကမ်းပါးနီတံတားအနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေအကြား  တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အခုလို လေကြောင်းကနေ နေ့နေ့ညည ဗုံးကြဲတာလို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အဆိုပါ တိုက်ပွဲအတွက်လည်း လေကြောင်းသုံးပြီး စစ်ကူအင်အားပို့တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး - ဂန့်ဂေါ ကားလမ်းဘေးမှာရှိတဲ့ နတ်ချောင်း၊ ချောင်းခွ၊ တင်သား၊ ဟားခါးလေး၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြံသာ၊ ကျော်ရွာ၊ အရှေ့စည်း၊ မြောက်စည်း စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...