- ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာဘက် ဧရာ၀တီမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေမှာ အခုချိန် ဖျားနာမှုတွေများနေပေမဲ့ ဆေးဝါးတွေမရှိတာကြောင့် အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
- ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တို့ကြား နယ်မြေအငြင်းပွားမှုကြောင့် ပွတ်တိုက်မှု ပြဿနာဆက်တိုက်ဖြစ်ပွားနေတာကို အထက်လူကြီးတွေ ထိရောက်စွာ အမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။
- ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ(Namhkam Mare)နဲ့ နမ်စဘွမ့်ကျေးရွာ(Nam Sabum)မှာ ကျေးရွာမြေနေရာပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။






