KIA နဲ့ပူးပေါင်းတပ်တွေရဲ့ဝိုင်းရံပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့သာ ရိက္ခာတွေပို့ပေးနေရ

KIA နဲ့ပူးပေါင်းတပ်တွေရဲ့ဝိုင်းရံပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့သာ ရိက္ခာတွေပို့ပေးနေရ

- ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝိုင်းရံပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့ပဲ ရိက္ခာတွေပို့ပေးနေရတယ်လို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့က သက်ငယ်မုဒိမ်းကျူးလွန်သူ MNDAA ကိုးကန့်တပ်အရာရှိကို တရားစီရင်ချက်ချရာမှာ မျက်မြင်တွေ့ခွင့်မရှိဘဲ စာနဲ့သာ အသိပေးလာတဲ့အပေါ် ဒေသခံတွေလက်မခံနိုင်ဘဲ တရားမျှတစွာနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။  

- KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်-KSCU နဲ့ ဂျာမနီနိုင်ငံ ဖရန့်ဖက်မြို့က Goethe တက္ကသိုလ်တို့ နှစ်ဖက်သဘောတူထားရှိမှု MOU လက်မှတ်ထိုးထားပြီလို့ KSCU တက္ကသိုလ် တာဝန်ခံတွေက ပြောပါတယ်။ 

September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...