ကနီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး

ကနီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသားနှင့် ကျောင်းသူ ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

ထိုရွာနှစ်ရွာကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောက်လှေကားကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံး ၁၅ လုံးကြဲချခဲ့ရာ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တဦးက ပြောသည်။

“ကျောက်လှေကားမှာ လေးကြိမ်လောက်ထိဝဲပြီး ဗုံးတွေကြဲသွားတာ။ နေအိမ်တွေပေါ် ကျပြီး ကျောင်းသား ၃ ဦးနဲ့ နောက်ထပ် ၂ ဦး ဆုံးသွားတာ။ အိမ်ပေါ်ကျတာဆိုတော့ ဗိုက်ပွင့်တာတွေ၊ ခေါင်းပွင့်သွားတာတွေ ဖြစ်ကုန်တာ တော်တော်ဆိုးဆိုးပါပဲ“ ဟု ၎င်းကပြောသည်။

သေဆုံးသွားသည့် ကလေးငယ်များမှာ မောင်ဇင်ကိုချစ် အသက် ၁၁ နှစ် (Grade 6) ၊ မဇင်မြတ်နိုး အသက် ၁၄ နှစ် (Grade 7) ၊ မရွှေဇင်ဝင်း အသက် ၁၉ နှစ် (Grade 12) တို့ဖြစ်ကြောင်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

အခြားသေဆုံးသူ နှစ်ဦးမှာ မနွယ်နွယ်ဝင်းနှင့် ကိုကျော်နိုင်လင်းဖြစ်ကြောင်း ဒေသခံထံက သိရသည်။

သေဆုံးသူများမှာ ကျောက်လှေကားကျေးရွာမှ ဖြစ်သည်။

“ရွာရဲ့ အရှေ့ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ တကြိမ်က အိမ်ပေါ်တည့်တည့်ကျပြီး မိသားစုဝင် ၃ ဦး သေဆုံးခဲ့တာဖြစ်တယ်” ဟု မဇ္ဈိမ၏ မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သူများကို ဆေးကုသမှုပေးနေကြောင်း ဒေသခံများထံက သိရသည်။

“လက်နက်ခဲယမ်း သယ်တယ်ဆိုတဲ့ သတင်းအမှားတွေနဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ဗုံးကြဲတဲ့နေရာက ဘာ PDF မှမရှိဘဲ ပြည်သူတွေနေတဲ့ ရွာထဲကို သပ်သပ်ကြဲသွားတာဖြစ်တယ်” ဟု ကနီမြို့နယ် ပ.က.ဖ တာဝန်ခံက ဆိုသည်။

ကျောက်လှေကားကျေးရွာသည် ကနီနယ်နှင့် မင်းကင်းနယ်အစပ်တွင်ရှိသည့် ကျေးရွာတခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ လာရောက်ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အလားတူ နတ်ကြီးကျေးရွာ၊ နတ်ကြီးဆိပ်ကမ်းအနီးတဝိုက်ကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

လက်ရှိတွင် ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာမှ ဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းကလည်း ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ တဲအိမ်တလုံးပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...