ရန်ကုန်တွင် မြဝတီအသံလွှင့်ဌာနနှင့် ရပ်ကွက်ရုံး တိုက်ခိုက်ခံရ

ရန်ကုန်တွင် မြဝတီအသံလွှင့်ဌာနနှင့် ရပ်ကွက်ရုံး တိုက်ခိုက်ခံရ
ဓါတ်ပုံ- စစ်ကောင်စီ
ဓါတ်ပုံ- စစ်ကောင်စီ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်ရုံးတခုကို မြို့ပြပြောက်ကျားအဖွဲ့ အသီးသီးက တိုက်ခိုက်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် မြဝတီအသံလွှင့်ဌာနရုံးကို Yangon Army (YA) တပ်ဖွဲ့က M79 လက်နက်တွင် ၄၀ မမဗုံးသီးများ တပ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ည ၉ နာရီတွင် တောင်ဥက္ကလာပမြို့နယ် ၊ အမှတ် (၁၄) ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြဝတီအသံလွှင့်ဌာနရုံးတိုက်ခိုက်မှုတွင် အသံလွှင့်ဌာနရုံးအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲမှုများရှိသည်ဟု YA တာဝန်ရှိသူက ပြောသည်။

“ M79နဲ့ ပစ်ခဲ့တာပါ။ ၄၀ မမ သုံးလုံးပစ်ခဲ့ပါတယ်။ တလုံးကတော့ ဂိတ်နားကျပြီး နှစ်လုံးကတော့ အထဲကိုရောက်အောင် ပစ်နိုင်ခဲ့ပါတယ်” ဟု YA မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

Yangon Army တည်ထောင်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်ဖြင့် စစ်ကောင်စီပိုင် မြဝတီအသံလွှင့်ဌာနကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်၊ အပျက်အစီးများကို အတည်ပြုနေဆဲဖြစ်သည်ဟု ပြောသည်။

“မြဝတီရုပ်သံဌာနက စကစပိုင် အသံလွှင့်ဌာန ဖြစ်တယ်။ ပြည်သူကိုမဟုတ်မမှန်တဲ့ သတင်းတွေ ဝါဒမှိုင်းတိုက်နေတဲ့ ရုပ်သံဌာနဖြစ်လို့ တိုက်ခိုက်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ထိုရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ရပ်ကွက်ရုံးဘေးရှိ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ရဲဘော် ချောကလက် (ခ)သာဒင်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဆိုသည်။ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း – စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြဝတီအသံလွှင့်ဌာနသို့ သွားရောက်ကြည့်ရှုစဉ်

(ဓါတ်ပုံ- စစ်ကောင်စီ )

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...