အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ကလေးစစ်သား စုဆောင်းမှု ၂,၀၀၀ ခန့်ရှိဟုဆို

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ကလေးစစ်သား စုဆောင်းမှု ၂,၀၀၀ ခန့်ရှိဟုဆို
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့ (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)

၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက စစ်သားစုဆောင်းခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာကဖော်ပြထားသည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့တွင် အထက်ပါ အတိုင်းပြောကြားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသည့် ကလေးငယ်စုစုပေါင်း ၈၀၀ ကျော်ရှိကြောင်းလည်း ဆိုသည်။

“၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှာတင်ခဲ့တဲ့ စစ်ပွဲပဋိပက္ခများနဲ့ ကလေးသူငယ်များအရေး အထူး အစီရင်ခံစာမှာဆိုရင် ကျွန်မတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကလေးစစ်သားစုဆောင်းမှုမရှိတဲ့ ဇီးရိုးနံပါတ် လုံးဝကလေးစစ်သားစုဆောင်းခြင်းမရှိဘူးဆိုတဲ့ ရီပို့ကို ရရှိခဲ့ပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာက တဖက်မှာဆိုရင် အကြမ်းဖက်စစ်အုပ်စုက ကလေး သူငယ်တွေကို စစ်သားအဖြစ်စုဆောင်းတာ ကုလသမဂ္ဂမှတ်တမ်းအရ ကလေးစစ်သားဦးရေ ၂,၀၀၀ နီးပါး ရှိတယ်ဆိုတာ တွေ့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ နေ့စဉ်လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးဦးရေ ၁,၀၀၀ နီးပါး သေဆုံးခဲ့သည်ဟုလည်း ၎င်းကဆိုသည်။ အလားတူ စစ်ကောင်စီသည် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

ကလေးငယ်များ အကြမ်းဖက်သတ်ဖြတ်ခံရမှုများ၊ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခံနေရမှုများ အား ကာကွယ်နိုင်ရန်အတွက် စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချခြင်းအား ချက်ချင်းရပ်တန့်ရန် နိုင်ငံ တကာအသိုင်းအဝိုင်းထံ ပြည်ထောင်စုဝန်ကြီးက တောင်းဆိုသည်။

အလားတူ မွေးကင်းစမှစ၍ အသက်အရွယ်အလိုက်ကလေးငယ်များ ကာကွယ်ဆေးထိုးမှုအစီအစဉ်များ ရပ်တန့်နေသည်မှာ စစ်အာဏာသိမ်းကတည်းကဖြစ်၍ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ကြိုးပမ်းပေးရန်လည်း တောင်းဆိုထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...