စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး

စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး
လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ် ဒေသခံ ၂၄၀ ကျော် နေရပ်မပြန်ရသေးကြောင်း သိရသည်။

ဖယ်ခုံမြိုနယ် ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် (နိုဝင်လာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ် မတရားဖမ်းဆီးကာ ပင်လောင်းမြို့ မိုးလုံလေလုံ အားကစားရုံတွင် ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။

တစ်ပတ်ကျော်ကြာ လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးထိန်းသိမ်းခံရသော ဒေသခံများသည် လက်ရှိ အချိန်ထိနေရပ်ပြန်ခွင့် မရသေးသည့်အပြင် အပြင်ထွက်သွားလာခြင်း ဈေးဝယ်ခြင်းတို့ကို အချိန်အကန့်သတ်ဖြင့်သာ ပေးသွားနေကြောင်း ဖမ်းဆီးခံရသည့် သူနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျမတို့ ရောက်နေတာကြာပြီ။ သူတို့က ခဏရှောင်ခိုင်းတယ်လို့ ပြောပြီးခေါ်လာတာ။ စပါးတွေလည်း မသိမ်းရသေးဘူးပေါ့။ စိတ်လည်းပူတယ် ပေးလည်းပေးမပြန်သေးဘူး၊ သူတို့တွေကို အပြင်တွေပေးသွားလည်း အချိန်အကန့်သတ်နဲ့ စစ်ကောင်စီတွေကတော့ လုပ်ထားတယ်။ သွားလည်း ၁ နာရီလောက်ပဲ အချိန်ပေးတာ”ဟု ၎င်းကပြောသည်။

ဖမ်းဆီးလာစဉ်တွင်လည်း စစ်ကောင်စီမှ အဝတ်နှင့် အိမ်ယာလိပ်များသာ သယ်ဆောင်ခွင့်ပြုပြီး ကား၊ဆိုင်ကယ် နှင့် စားနပ်ရိက္ခာများကို သယ်ဆောင်ယူလာခွင့်မပြုကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီမှ ဖမ်းဆီးလာသော ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာ ဒေသခံများကို ပင်လောင်းမြို့ ဒေသခံများမှ စား‌သောက်ရန်းအတွက် တာဝန်းယူထားရကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့တွေက ခေါ်လာပြီး မိုးလုံလေလုံကွင်းမှာလာထားတာပေါ့။ ကျနော်တို့ကတော့ သူတို့စားသောက်ရေးအတွက်ကတော့ သွားလှူရတယ်။ ဘယ်လောက်ကြာမလဲ ဆိုတာလည်းမသိရဘူး။ အခက်အခဲတော့ ကိုယ်စီရှိ ကြတာပေါ့။ သူတို့တွေကိုလည်း အစောင့်နဲ့ ထားထားတယ်ပြီးတော့ ခုထိလည်းပေးမပြန်ကြသေးဘူး။”ဟု ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက‌ ပြောသည်။

ထိုဖမ်းဆီး ထိန်းသိမ်းခံရသည့် ဒေသခံ ၂၄၀ ကျော်သည် အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၀၆ ဦးရှိပြီး၊ ထိုအထဲတွင် တောင်သူများ၊ ၊သက်ကြီးရွယ်အို၊ လေဖြတ်နေသူ၊ နာတာရှည်ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်များ ပါဝင်နေကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ လမ်းတစ်ကြောတွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများဆက်လက် ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

January 27, 2026
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန်...
January 26, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့်...
January 24, 2026
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...