မြန်မာသံရုံးဘက်က ထောက်ခံချက်မရ၍ အိန္ဒိယအကျဥ်းထောင်မှ မလွတ်မြောက်ဟု ထောင်အာဏာပိုင်ဆို

မြန်မာသံရုံးဘက်က ထောက်ခံချက်မရ၍ အိန္ဒိယအကျဥ်းထောင်မှ မလွတ်မြောက်ဟု ထောင်အာဏာပိုင်ဆို
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာသံရုံးထံမှ ထောက်ခံချက်မရသဖြင့် မလွတ်မြောက်သေးခြင်းဖြစ်ကြောင်း အကျဥ်းထောင်တာဝန်ခံထံက သိရသည်ဟု အကျဥ်းကျနေသူ၏ မိသားစုဝင်က ပြောသည်။

တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် မဏိပူရပြည်နယ် ၊ အင်ဖာမြို့ ၊ ဆာဂျီးဝါးထောင်တွင် ဖမ်းဆီးအကျဥ်းချခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြနေစဥ် ထောင်အာဏာပိုင်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့အစာငတ်ခံနေတာကို ထောင်ကလူကြီးက ဆေးခေါ်စစ်ပေးတယ်။ ထမင်း ပြန်စားကြဖို့ပြောပြီး သူတို့ဘက်ကတော့ တင်ပြထားပြီးပြီ။ မင်းတို့သံရုံးက ထောက်ခံတာမရလို့ အခုထိမလွတ်တာလို့ ပြောတယ် ” ဟု အထိန်းသိမ်းခံနေရသူများကို ပြောဆိုကြောင်း မိသားစုဝင်က မဇ္ဈိမ ကိုပြောသည်။

ထောင်မှလွှတ်ပေးရန် မြန်မာသံရုံးဘက်မှာ ထောက်ခံချက်သာလိုတော့ပြီး မကြာသေးမီက အီဂျစ်နိုင်ငံသားတဦးကိုလည်း ၎င်းနိုင်ငံ၏ သံရုံးထောက်ခံစာဖြင့်လွှတ်ပေးပြီးဖြစ်သည်ဟု ထောင်အာဏာပိုင်က မြန်မာအကျဥ်းသားများကို ပြောဆိုကြောင်း ၎င်းကဆိုသည်။

အစာငတ်ခံဆန္ဒပြနေကြသူများသည် ပြစ်ဒဏ်ကျခံနေရသည်မှာ ရက်စေ့ပြီဖြစ်သော်လည်း ချုပ်နှောင်ခံထားရဆဲဖြစ်၍ နိုဝင်ဘာလ ၁၀ ရက်ကစကာ ယနေ့အထိ ကိုးရက်တိုင် ထိုသို့ ဆန္ဒပြနေကြခြင်းဖြစ်သည်။ ဆန္ဒစပြစဥ်က ၁၈ ဦးဖြစ်သော်လည်း တဦးမှာ အစာအိမ်ရောဂါအခံရှိ၍ ကျန်းမာရေးအခြအနေကြောင့် အစာပြန်စားပြီဖြစ်ကာ ကျန်သူများမှာ ဆန္ဒအားအင်ကုန်ခမ်းနွမ်းနယ်ကာ ခေါင်းမူးနေသော်လည်း ဆန္ဒဆက်ပြလျက်ရှိကြောင်း မိသားစုဝင်များထံက သိရသည်။

ယနေ့(နိုဝင်ဘာလ ၁၈ ရက်နေ့)တွင် ထောင်အာဏာပိုင်များနှင့် တွေ့ဆုံရန် အစီအစဥ်ရှိပြီး လွတ်မြောက်ရေးအတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ကလေးနှင့် အမျိုးသမီးများ အပါအဝင် ရွေ့ပြောင်းလုပ်သား ဦးရေ ၅၀ ခန့်အပြင် စစ်ဘေးရှောင် ဦးရေ ၁၀၀ ကျော်သည် ဆာဂျီဝါအကျဥ်းထောင်တွင်း၌ တရားမဝင် ဝင်ရောက်မှုဖြင့် အကျဥ်းကျနေဆဲကြောင်း သိရသည်။

မဏိပူရပြည်နယ်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူများထဲမှ အမျိုးသမီး နှင့် ကလေးသူငယ်များ အပါအဝင် ရွေ့ပြောင်းလုပ်သား ၇၇ ဦးကို အိန္ဒိယ အာဏာပိုင်များက မြန်မာနိုင်ငံဘက်သို့ မေလ နှင့် ဇွန်လ အတွင်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...