ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၇ရက်)နေ့ည ၁၂နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄) ရေထွက်ဦးပန်ခြံ ဈေးအနီးရှိ လူနေအိမ်ပေါ်သို့ ပေါင် (၅၀၀)ဗုံး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲချခဲ့ရာတွင် နှစ်လသားအရွယ် ကလေးနှင့် မိခင် တစ်ဦး၊ သက်ကြီးရွယ်အို တစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည ၁၂ နာရီလောက် စစ်တပ်က ဗုံးလာကြဲသွားတယ်။ လူနေများပြီး အဆောက်အအုံကြီးတဲ့နေရာကို ဦးတည်ပြီး ပစ်ကြတယ်။ သေဆုံတဲ့သူထဲမှာက ၂လသားအရွယ် ကလေးနဲ့ မိခင်ဖြစ်သူ ၂ ယောက်လုံး ဆုံးသွားတယ်။ အသက်ကြီးတဲ့သူ ၁ယောက်လည်း ဆုံးသွားတယ်။ ထိခိုက်တဲ့သူတော်တော်များတယ် အဲထဲမှာမှ ဒဏ်ရာအပြင်းအထန်းရတဲ့သူလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့နယ်မှ ကွတ်ခိုင်မြို့သို့ စစ်ရှောင်လာသည့် ဒေသခံတစ်ချို့တွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးသို့ ပြန်လည် တိမ်းရှောင်နေရသည်ဟု လားရှိုးစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“လားရှိုးမှာ ဗုံးခဏခဏ ကြဲလို့ ကွတ်ခိုင်ကို လာရှောင်တာ စစ်တပ်က ထပ်မံဗုံးကြဲပြန်တယ်။ ကြောက်လို့ လားရှိုးကို ပြန်လည်တိမ်းရှောင်နေရတယ်။ ရှောင်စရာနေရာလည်း မရှိတော့ပါဘူး။ တစ်ရက်ထက်တစ်ရက် ပိုပိုခက်ခဲလာတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်လာလ ၁ရက်)နေ့ နံနက်အစော ၃ နာရီခွဲကျော်တွင်လည်း ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်မြောက် ရှိလာကြောင်း သိရသည်။

Most read this week

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...