မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်

မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်

သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် – လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရက်အကန့်အသက်မရှိ ပိတ်ထားကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“မနေ့က စပြီးသူတို့ပိတ်လိုက်တာ။ လိုင်းကားတွေကော ကားကြီးတွေကော အကုန်ပေးမသွားတော့ဘူး။ ဟိုယက စစ်ဆေးရေးဂိတ်မှာ ပိတ်လိုက်တာ။ လားရှိုးကနေလာလည်း မရဘူး၊ သွားလို့လည်းမရဘူး။ တိုင်းဗျူဟာမှူးကိုယ်တိုင် လုပ်ခိုင်းတာတာလို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ပိတ်လိုက်သည့်အတွက် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်သည့် လားရှိုးဒေသထဲတွင်နေထိုင်သည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နိုင်ကြောင်း၊ ထို့ပြင် စစ်ကောင်စီက လားရှိုးကို မြေပြင်ထိုးစစ်ဆင်မှု စတင်လာနိုင်ကြောင်း သျှမ်းမြောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက စစ်ကောင်စီ လားရှိုးကို ရိက္ခာဖြတ်လိုက်တာ။ လမ်းကြော တခုမဟုတ်တခုတော့ ရှာရမှာပေါ့လေ။ ပြည်သူတွေလည်း ပြေးစရာနေရာမှမရှိတော့တာ။ ပြေးလည်း လုပ်စားလို့မရတော့ စားဝတ်နေရေးက ပိုကြပ်တည်းတာပေါ့” ဟု ၎င်းကပြောသည်။

ထိုပြင် ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက်) ည မိုင်းရယ်မြို့နယ် ဟိုယရွာ အနီးတစ်ဝိုက်တွင် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၊တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ရက်နေ့တွင်လည်း သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပိတ်လိုက်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...