ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး

ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်အစော ၃ နာရီခွဲ ဝန်းကျင်အချိန်မှာပဲ ဗုံးဆက်တိုက် လာကြဲသွားတယ်။ အမျိုးသားတစ်ဦး ဆုံးတယ်။ ကြဲသွားတာက ရပ်ကွက်(၂) စီမံကိန်းရုံးနဲ့ တိုးဂိတ်နားက စက်မှုကျောင်းဘက်မှာ လာကြဲသွားတယ်။ စီမံကိန်းရုံးတော့ တော်တော် ပျက်စီးသွားတယ်။ ကပ်ရပ်က မူးယစ်ရုံးကိုလည်း ထိသွားတယ် ”ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

ယခုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ကွတ်ခိုင်မြို့ပေါ်သို့ ပေါင် (၅၀၀) ဗုံး ဖြင့် (၁၀) လုံးထက်မနည်း ကြဲချသွားပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးကာ ၎င်းတို့ထဲတွင် မပေါက်ကွဲသည့် ဗုံးများလည်း ကျန်ရှိနေသည်ဟု မြို့နယ်ဒေသခံ အသက် (၃၀) အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ဗုံးက ပေါင် ၅၀၀ ဗုံးတွေ၊ ပေါင်ချိန် ရာဂဏန်းရှိတဲ့ ဗုံးကို သုံးတယ်။ ဒီမနက် ကြဲတာ ၁၀ လုံး ဝန်းကျင် ရှိတယ်။ အဲ့ထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးက ရှိသေးတယ်။ ဒီတစ်ခါနဲ့ဆို ၃ ကြိမ်မြောက် ရှိပြီ လာကြဲသွားတာ ”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၅) ရက်တွင်လည်း ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၆) ဦး သေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင်ခန်းပေါင်း (၄၀၀) ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ ဩဂုတ်လ (၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်မြောက် ရှိလာကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...