စပါးရိတ်သိမ်းရာသီတွင် စပါးရိတ်ခြွေစက်ဝင်ရောက်ခြင်းမရှိခြင်းကြောင့် အင်းတော်ကြီးတောင်သူများအခက်တွေ့နေ

စပါးရိတ်သိမ်းရာသီတွင် စပါးရိတ်ခြွေစက်ဝင်ရောက်ခြင်းမရှိခြင်းကြောင့် အင်းတော်ကြီးတောင်သူများအခက်တွေ့နေ

မိုးညှင်းမြို့နယ်  အင်းတော်ကြီးဒေသထဲမှာ စပါးရိတ်သိမ်းရာသီရောက်ရှိလာသော်လည်း စပါးရိတ်ချွေစက်များ ဝင်ရောက်နိုင်ခြင်းမရှိတော့တာကြောင့် တောင်သူများ အခက်ကြုံနေကြတယ်လို့  ဒေသခံများက ဆိုကြပါတယ်။

ယခင်နှစ်တွေမှာ  မိုးညှင်းမြို့နဲ့ ဟိုပင်မြို့တွေကနေ  ဒေသထဲဝင်ရောက်လာတဲ့ ရိတ်ချွေစက်များကို  တောင်သူများက ငှားရမ်းအသုံးပြုကြရတာလည်း ဖြစ်ပါတယ်။

“ အင်းတော်ကြီးကို ရိတ်ချွေသမားတွေက ခါတိုင်းဆိုသူတို့ဝင်တယ်လေ ဒီနှစ်ဆိုမဝင်တော့ဘူးတဲ့ ဝင်ဖို့အဆင်မပြေဘူးပေါ့လေ တော်ကြာနေဝင်ပြီးမှ အခြေအနေမကောင်းဘူးဆိုရင် ထွက်မယ်ဆိုရင်လည်းမဟုတ်တတ် ဆက်နေနေမယ်ဆိုလည်းမဟုတ်တတ် ကြောက်ကြစိုးရိမ်ကြတာပေါ့” ဟု အင်းတော်ကြီးဒေသ၊ ရွာသစ်ကျေးရွာက စပါးစိုက်တောင်သူတစ်ဦးက ပြောပြပါတယ်။

ဝင်ရောက်ခြင်းမရှိတော့တဲ့အကြောင်းအရင်းက ရိတ်ခြွေစက်ဖိုးပေးဆောင်ရတဲ့ အခွန်ခအဆမတန်ကြီးမြင့်ခြင်းအပြင် နယ်မြေအခြအနေတည်ငြိမ်မှုမရှိခြင်းတို့ကြောင့်ဖြစ်တယ်လို့  စပါးရိတ်ချွေစက်မောင်းနှင်နေသူများက ဆိုကြပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသအတွင်းမှာ ကောက်ရိတ်သမတွေလည်းရှားပါးသလို  ဒေသတွင်းရှိတဲ့ ရိတ်ချွေစက်အနည်းငယ်ဖြင့်လည်း ရိတ်သိမ်းဖို့အလျင်မမှီနိုင် ၊မလောက်ငှနိုင်ကြကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၃)နှစ်က စပါးရိတ်ခ တစ်ဧကကို ကျပ်(၁)သိန်းကျော်သာ ပေးဆောင်ရပေမယ့် ဒီနှစ်မှာတော့ ကျပ်(၂၈၀၀၀၀)ထိ စျေးပေါက်နေကာ နှစ်ဆကျော်စျေးနူန်းမြင့်တက်လာတယ်လို့ ဆိုကြပါတယ်။

ဒါတင်မက ရိတ်သိမ်းပြီးတဲ့ တောင်သူများစပါးရောင်းချတဲ့နေရာမှာလည်း စပါးတစ်တင်းလျှင် (၁၂၀၀၀)ကျပ်ဟု ပေါက်စျေးရှိနေပေမယ့်် တရုတ်-မြန်မာနယ်စပ်ပိတ်ထားမှုကြောင့် စပါးဝယ်ယူသူ ကုန်သည်များလည််း ဒီရက်ပိုင်းမှာ ဝယ်လက်ရပ်နားထားကြတယ်လို့ သိရပါတယ်။

“အခုညည်းနေကြတာတော့ စပါးစျေးကကျလည်းမကျသွားဘူး တက်လည်းမတက်သွားဘူး လောလောဆယ်ဝယ်တဲ့သူမရှိနေတာ ဝယ်လက်အေးနေတာပါ့အေး ရောင်းရင်လည်းဝယ်တဲ့သူကမရှိ အဲလိုဖြစ်နေတာ’ဟု  မိုးညှင်းမြို့၊ အုန်းစံဆိုင်ကျေးရွာက တောင်သူတစ်ဦးက ဆိုပါတယ်။

မိုးညှင်းမြို့နယ်မှာ စက်သုံးဆီစျေး  တစ်ပေပါကို (၁၈)သိန်းနီးပါး ရှိနေတာအပြင် အင်းတော်ကြီးဒေသခံတွေက KIAတပ်ဖွဲ့များအား အခွန်ပေးဆောင်နေတယ်လို့ဆိုပြီး ယခုရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့များက ဟိုပင်-အင်းတော်ကြီးလမ်းပိုင်းကို စက်သုံးဆီဝင်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...