သတင်းမီဒီယာ လွတ်လပ်ခွင့် ကို တန်ဖိုးထားကာ အာမခံကြောင်း IPCM နဲ့ တွေ့ဆုံစဉ် IEC ပြော

သတင်းမီဒီယာ လွတ်လပ်ခွင့် ကို တန်ဖိုးထားကာ အာမခံကြောင်း IPCM နဲ့ တွေ့ဆုံစဉ် IEC ပြော

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) တို့တွေ့ဆုံခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အသိမှတ်ပြုပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တန်ဖိုးထားကြောင်း IEC ဘက်က ဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ IEC ဆိုတာက အသစ်ပေါ်လာတဲ့ အုပ်ချုပ်ရေးပေါ့နော်။ ဆိုတော့ အုပ်ချုပ်ရေးဆိုတာက အုပ်ချုပ်ရေးယန္တာရား အုပ်ချုပ်တဲ့နယ်မြေ အုပ်ချုပ်တဲ့လူတွေ အဲ့ထဲမှာ မီဒီယာနဲ့ပတ်သက်တဲ့ မီဒီယာ အပေါ်နားလည်မှု မီဒီယာတွေရဲ့ သတင်းရပိုင်ခွင့် မီဒီယာတွေ ရဲ့ လွတ်လပ်စွာ သတင်းရပိုင်ခွင့်နဲ့ မီဒီယာတွေ လိုက်နာရမည့်ကိစ္စ အဲ့လိုဟာတွေကို ပြောချင်တာပါ။ အထူးသဖြင့်တော့ အသစ်ပေါ်လာတဲ့ အုပ်ချုပ်ရေး အနေနဲ့ မီဒီယာအပေါ် ဘယ်လိုနားလည်မှုတွေနဲ့ လုပ်ဆောင်သွားမလဲဆိုတာ အကြမ်းအားဖြင့်ဆွေးနွေးပြီး သဘောတူထားတာပါ” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးစဉ်မှာ သတင်းမီဒီယာ‌တွေရဲ့ မူဝါဒဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နဲ့ သတင်းသမားတွေ လွတ်လပ်စွာ သတင်းရယူနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ လည်းဆိုပါတယ်.။

ဆွေးနွေးမှုကနေပြီးတော့ ပိုမိုထိရောက်တဲ့ ညှိနှိုင်းဆောင်ရွက်မှုအနေနဲ့ နည်းမှန်လမ်းမှန် သတင်း ရယူတဲ့ ကိစ္စတွေမြေပြင်သတင်းထောက်တွေရဲ့ လိုလားချက်တွေနဲ့ မြေပြင်မှာရှိတဲ့ IEC ရဲ့ တာဝန် ရှိသူတွေရဲ့ လိုလားချက်တွေအတွက် အဓိက ညှိနှိုင်းဆောင်ရွက်သွားဖို့ နှစ်ဖက် သဘောတူထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဦးတိုးဇော်လတ်က ဖြည့်စွက်ပြောဆိုထားပါတယ်။

IEC က ထုတ်ပြန်ထားတဲ့ “မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်” ဟာ သတင်းမီဒီယာတွေကို ထိန်းချုပ်တာမဟုတ်ကြောင်းနဲ့ ကရင်နီပြည်မှာ မည့်သည့်သတင်းဌာနမဆို လွတ်လပ်ပွင့်လင်းစွာ သတင်းရယူခွင့်ရှိကြောင်း IEC ဘက်ပြောဆိုထားတယ်လို့ ပါရှိပါတယ်။

IPCM အနေနဲ့ ၎င်းတို့ ရေးဆွဲထုတ်ပြန်ထားတဲ့ သတင်းမီဒီယာကျင့်ဝတ်စည်းမျဉ်း (Code of Conduct)နဲ့အညီ လွတ်လပ်စွာ သတင်းရယူနိုင်ရေးအတွက် နှစ်ဖက်အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မီဒီယာဆိုင်ရာ အငြင်းပွားမှု တစုံတစ်ရာဖြစ်လာပါက IPCM နဲ့ IEC ရဲ့ ပြည်သူ့ဆက်ဆံရေး နှင့် ပြန်ကြားရေး ကော်မတီ တို့ပူးတွဲညှိနှိုင်းဖြေရှင်းဖို့ကိုလည်း သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...