လွိုင်ကော်-ဒီးမော့ဆို လမ်းတစ်လျှောက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားမှု ပြန်ရှိလာ

လွိုင်ကော်-ဒီးမော့ဆို လမ်းတစ်လျှောက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားမှု ပြန်ရှိလာ

စက်တင်ဘာလ တတိယပတ်ကစပြီး ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး တလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်လာပြီး လမ်းကင်းချတာတွေ တွေ့နေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

လတ်တလောမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေမရှိသေးပေမယ့် ပြည်သူတွေအနေနဲ့ အမြဲသတိထားနေဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီဖက်က အင်အားထပ်ဖြည့်လာပြီးတော့မှ စစ်ကြောင်းတွေထိုးလာရင်တော့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ပြန်ပြီးတော့ပြင်းထန်လာနိုင်ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက လွိုင်ကော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၂၀၀ ခန့်ဟာ က ဒီးမော့ဆိုအခြေစိုက် စခန်းတွေဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ ၁၀၂)၊ ခြေမြန်တပ်ရင်း (ခမရ ၄၂၇) တို့မှာ တပ်စွဲထားပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီးမော့ဆိုမြို့အခြေစိုက်စခန်းတွေမှာ အင်အားဖြည့်ထားတဲ့စစ်ကောင်စီတပ်က ဒီးမော့ဆို အရှေ့ဖက်ခြမ်း၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်း စတဲ့ စစ်ကောင်စီအခြေစိုက် စခန်းတွေကြား ပြတ်တောက်သွားတဲ့ မြေပြင်ထောက်ပို့ လမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ချင်တာ ဖြစ်နိုင်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက သုံးသပ်ပြောဆိုပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးစပြီးနောက် တစ်ပတ်အတွင်း လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတို့အကုန် တပ်ဆုတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက နေရာပြန်လည်ယူထားခဲ့တာပါ။

အဲ့ဒီနောက် ဒေသတစ်ခုနဲ့တစ်ခုကြား စစ်ကောင်စီရဲ့ မြေပြင်ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သွားခဲ့ပြီး အခြေစိုက်တပ်စခန်းတွေမှာပဲ လုပ်ရှားမှုတွေရှိနေတော့တာ ဖြစ်ပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...