ကျုံဒိုး မြို့တွင်းမြို့ပြင် နှင့် ဂျိုင်းတံတားနေရာများတွင် BGF တပ်ဖွဲ့ အင်အားဖြည့်

ကျုံဒိုး မြို့တွင်းမြို့ပြင် နှင့် ဂျိုင်းတံတားနေရာများတွင် BGF တပ်ဖွဲ့ အင်အားဖြည့်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးဒေသ ကျေးရွာများ နှင့် ဂျိုင်း/ကော့ကရိတ်တံတားနေရာတွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များ စစ်အင်အား ဖြည့်တင်းပြီး နယ်မြေစိုးမိုးရေး ပိုမိုလုပ်ဆောင်လာနေကြောင်း ကျုံဒိုးသတင်း အရင်းအမြစ်များက ပြောသည်။

“ယနေ့ (ဩဂုတ် ၂၈) မနက် ကျုံဒိုးဂျိုင်းတံတားမှ BGF များ ဝတ်စုံအမဲနဲ့ လူ ၂၀လောက် ကျုံဒိုးအထွက် ချောင်းဖျားတံတား နဲ့ ချောင်းဖျားဈေးဆိုင်တန်းနေရာတွေမှာ ကင်းပုန်းလာနေပြီးပြန်သွားတယ်။ အခုက ရွာတွေဘက်ရော၊ ဂျိုင်းတံတား ရောမှာ BGF ဝင်းအောင်နဲ့ သူညီမြင့်အောင်တို့က ကျားကလေးလမ်းထိပ်အထိ ဂိတ်ချတာပေါ့။ BGF ဗိုလ်မြတ် လှိုင်အဖွဲ့တွေက ခြောက်တိုင်၊ ရေပူရှစ်တိုင်၊ ကိုးတိုင်အထိ နယ်မြေအကုန်ထိန်းချုပ်ထားတယ်လေ။ ရှစ်တိုင် ရွာမီးရုံးမှာဆို စစ်တပ်နဲ့ တွဲပြီး ဂိတ်ချတယ်။ ကားစစ်‌တယ်။ ရွာတွေ စစ်ကြောင်းပတ်တယ်ပေါ့”ဟု ကျုံဒိုး ဒေသခံက ယမန်နေ့တွင် ပြောသည်။

ထို့အပြင် ဂျိုင်းတံတားထိပ် BGF စစ်စခန်းနေရာတွင် တပ်စွဲထားသည့် BGF တပ်ဖွဲ့ဝင်းအတွင်းတွင် စစ်သား သစ်စုဆာင်းထားသူများအား စစ်သင်တန်းပေးမှု၊ လက်နက်ပစ်ခတ်၊ ဖြုတ်တပ်သင်တန်းပေးမှုများအား နေ့စဉ်မြင်တွေ့နေရကြောင်း BGF တပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

စစ်မှုထမ်းဟောင်းသတင်းအရင်းအမြစ်တစ်ခုက ” BGF ဗိုလ်မြလှိုင်တို့ကတော့ ကျုံဒိုး၊ ကော့ကရိတ် လမ်းပိုင်း တစ်ကျောလုံးကိုထိမ်းထားတာပဲ။ ရွာတိုင်းမှာ BGF ရှိတယ်။ PC ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ ရှိတယ်။ KNU အဖွဲ့တွေ PDF အဖွဲ့တွေလာရင်တော့ တိုက်ဖို့ စစ်တပ်ကလက်နက်ခဲယမ်းအပြည့်အစုံ ပေးထားတယ် ။ စစ်တပ် ၅၄၅/၅၄၆ တပ်ကတော့ အပြင်မထွက်ဘူး။ အဲဒီစစ်တပ်ကိုပဲ BGF တပ်တွေ အဝင်အထွက်ရှိနေတယ် ” ဟု ပြောသည်။

အဆိုပါ စစ်အင်အားဖြည့်တင်းမှုအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF အဖွဲ့တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

ယခု ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ကျုံဒိုးနှင့် ကော့ကရိတ် ဒေသအတွင်း စစ်တပ်လေ‌ကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုမရှိသော်လည်း နေ့စဉ်ကင်းထောက်လေယာဉ်၊ ရိက္ခာပို့လေယာဉ် နှင့် တိုက်လေယာဉ် များနေ့/ည ပျံသန်းနေမှုကြောင့် လေကြောင်းရန် သတိထားပြီး စစ်ရေးလှုပ်ရှား သွားလာကြရန် သတိပေးထားကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...