ရွေးကောက်ပွဲတွင် ပါဝင်သူများကို စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်မည်

ရွေးကောက်ပွဲတွင် ပါဝင်သူများကို စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်မည်

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားနေသူများအားလုံးကို စစ်ကောင်စီထောက်တိုင်များအဖြစ် သတ်မှတ်သွားမည်ဟု တော်လှန်ရေးအင်အားစုတို့က ပြောသည်။

စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကိုလည်း စစ်ကောင်စီ ထောက်တိုင်များအဖြစ် သတ်မှတ်သွားမည်ဟု ဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နဂါးက “စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်မှာ ပါဝင်နေသူတွေကို စစ်ကောင်စီထောက်တိုင်တွေအဖြစ် သတ်မှတ်သွားမယ်။ ဒါ့ကြောင့် သူတို့အတွက် အန္တရာယ်ကြီးမားမယ်။ စစ်ကောင်စီကို သူတို့ဝန်းရံပေးလို့ပဲ ရွေးကောက်ပွဲက ဖြစ်လာတာ။ သူတို့ဝန်းရံပေးတာ မရှိဘဲနဲ့ ဒီရွေးကောက်ပွဲက ဖြစ်လာစရာအကြောင်းလည်း မရှိဘူး။ အနည်းဆုံး အဲလူတွေက သူတို့(စစ်ကောင်စီ) အကြိုက်ကို လိုက်လျော်ပေးရတယ်။ ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေက သူတို့ကို စစ်ကောင်စီထောက်တိုင်တွေအဖြစ် သတ်မှတ်ထားတယ်” ဟု ပြောသည်။

လက်နက်ခုခံတော်လှန်မှုနှင့် တိုက်ပွဲများကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အတားအဆီးဖြစ်စေသည့်အတွက် ဆန့်ကျင်၊ ကန့်ကွက်သည်ဆိုပြီး မွန်တိုးတက်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီထောက်ခံသူများကို ရန်သူအဖြစ် သတ်မှတ်ထားသည့်အတွက် တော်လှန်ရေးလုပ်ငန်းစဉ်ကို ဆန်ကျင်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲလမ်းကြောင်းတွင် ပါဝင်နေသူအားလုံးကိုလည်း ရန်သူအဖြစ် သတ်မှတ်သွားမည်ဟု မွန်ပြည်ကာကွယ်ရေးတပ် MSDF ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

“စစ်ကောင်စီကိုရော စစ်ကောင်စစ်ကို ထောက်ခံတဲ့သူတွေကိုရောက ရန်သူအဖြစ် ကျနော်တို့ သတ်မှတ်ထားတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ ပါဝင်မဲ့သူတွေက သူတို့အသက်အန္တရာယ် တစ်ခုခုဖြစ်လာရင် ကျနော်တို့ တာဝန်ယူမှာမဟုတ်ဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေးမူဝါဒမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကျနော်တို့ လုပ်ဆောင် သွားရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်အတွင်း ကျင်းပသွားရန် လျာထားသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပသည့်အခါ လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများတွင် လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က ကန့်ကွက်ထားသည်။

Most read this week

February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...