စစ်တွေမင်းဂံကယ်ဆယ်ရေးအကွက် (၁၁)ကို စစ်ကောင်စီ ညဥ့်အချိန်ဝင်ရောက်စီးနင်းပြီး ပြည်သူ ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်သွား

စစ်တွေမင်းဂံကယ်ဆယ်ရေးအကွက် (၁၁)ကို စစ်ကောင်စီ ညဥ့်အချိန်ဝင်ရောက်စီးနင်းပြီး ပြည်သူ ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်သွား

စစ်တွေမင်းဂံကယ်ဆယ်ရေးအကွက် (၁၁)ကို စစ်ကောင်စီ ညဥ့်အချိန်ဝင်ရောက်စီးနင်းပြီး ပြည်သူ ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကယ်ဆယ်ရေးအကွက်(၁၁)ကို စစ်ကောင်စီ တပ်က ပြီးခဲ့သည့် ညဥ့်အချိန်က ဝင်ရောက်စီးနင်းကာ ပြည်သူရာနှင့်ချီကို ဖမ်းဆီး သွားခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၆ ရက်၊ ညဥ့် ၁၂ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက " လိုက်ဖမ်းတာ ဝရုန်းသုန်းကားတွေဖြစ်ပြီး ဆူညံသွားတာပဲ။ ကယ်ဆယ်ရေး ရွာထဲကလည်းဖမ်းသွားသလို အဲဒီမှာရှိတဲ့တိုက်ခန်းတွေထဲကလည်း ဝင်ဖမ်းသွားတာ"ဟု ပြောသည်။

ဖမ်းဆီးခံရသူများတွင် ကျောင်းသားလူငယ်များ၊ အစိုးရဝန်ထမ်းများနှင့် အမျိုးသမီးများလည်း ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူစုစုပေါင်း ၁၀၀ ဦးခန့်ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။

ဖမ်းဆီးခံရသူများကို စစ်တပ်ကားများဖြင့်ခေါ်ဆောင်လာပြီး ယင်းအနက် ၆၀ ဦးခန့်ကို စစ်တွေမြို့မ ရဲစခန်းတွင် ညဥ့်အချိန်က အပ်နှံထားခဲ့ကာ အခြားသူများကို စစ်တပ်က ခေါ်ဆောင်သွားကြောင်း သိရသည်။

မည်သည့်တပ်ထဲသို့ခေါ်သွားသည်ကိုလည်း မသိရ၍ မိသားစုဝင်များ စိုးရိမ်ကြောင့်ကြလျက် ရှိကြသည်ဟု သိရသည်။

စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်သည့်စစ်တွေမြို့တွင် စစ်ကောင်စီ တပ်က တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ အပြစ်မဲ့ပြည်သူများကို နေ့စဥ်ဆိုသလို နေ့ညမရွေးလိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။

မင်းဂံရပ်ကွက်အတွင်းတွင်ပင် အကွက်(၅)မှ အကွက် (၁၀)အထိနေထိုင်သော အမျိုးသမီး များနှင့် အမျိုးသား ၁၅၀ ဦးခန့်ကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်၊ ညဉ့်အချိန်က စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များက စစ်ကား (၁၀) စီးဖြင့် ရပ်ကွက်ထဲသို့ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၉ ရက်နှင့် ၃၁ ရက်တို့ကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ ရွာသား ၇၆ ဦးကို စစ်‌ကောင်စီတပ်က ရွာထဲကိုဝင်ရောက် ဖမ်းဆီးသတ်ဖြတ်ပြီး ရာနှင့်ချီသောရွာသားများကိုလည်း စစ်တပ်ထဲသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စစ်တွေတွင်ဖမ်းဆီးခံရသူများအနက် အများစုကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုထားကာ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးခံလိုက်ရသူများအနက် စစ်ကြောရေးတွင်သေဆုံးသူများနှင့် ယခုထိ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...