ဘီးလင်းက မစောတံတား မိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ လူထိခိုက်သေဆုံးမှုရှိ

ဘီးလင်းက မစောတံတား မိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ လူထိခိုက်သေဆုံးမှုရှိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား မိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မစောတံတားဟာ ဒီနေ့ မေ ၂၃ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် အရှည်ပေ ၁၀၀ ကျော် အကျယ် ၂၄ ပေရှိ တံတားတစ်စင်းလုံး သွားလာလို့မရတဲ့အထိ ပြိုကျပျက်စီးသွားတာပါ။

“တံတားကတော့ လုံးဝသုံးမရတော့ဘူး။ ဆိုင်ကယ်တွေလည်း တံတားအောက်ပြုတ်ကျကုန်လို့ လူသေဆုံးဒဏ်ရာရတာတွေရှိတယ်။ ကယ်ဆယ်ရေးတွေ လုပ်တုန်းပဲ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တံတားပြိုကျပျက်စီးမှုအတွင်း ဆိုင်ကယ်စီးနင်းလာတဲ့ ခရီးသွားပြည်သူ ၄ ဦး တံတားအောက်ပြုတ်ကျသွားတဲ့အတွက် ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မစောတံတား မိုင်းခွဲခံရတာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တွေအပါအဝင် ခရီးသွားကား ရာနဲ့ချီ ထပ်မံပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မစောတံတား မိုင်းခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ၊ KNU အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းပေါ်က ကျုံအိတ်တံတားမိုင်းခွဲခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားတဲ့အတွက် ကုန်စည်တင်ပို့မှုတွေအပါအဝင် သွားရေးလာရေးကအစ အခက်ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...