မောင်တောမြို့ ကို အာရက္ခတပ်တော် စတင် ထိုးစစ်ဆင်တိုက်ခိုက်

မောင်တောမြို့ ကို အာရက္ခတပ်တော် စတင် ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်ပြည်အနောက်ဘက်နယ်စပ်မြို့ မောင်တောကို အာရက္ခတပ်တော် ( AA) က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့အဝင် လေးမိုင်တွင်အခြေစိုက်သည့် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၂) မှ သေနတ်သံများကို ယနေ့ နံနက် အဆက်မပြတ် ကြားခဲ့ရသည်ဟု မောင်တောဒေသခံများက ပြောကြားသည်။

မောင်တော ဒေသခံတစ်ဦးက  " နခခ ၂ ကို အေအေက ညအချိန်က စတင် ထိုးစစ်ဆင်တယ်လို့ သိရတယ်။ အထိနာတော့ မနက်အာရုဏ် ၄ နာရီလောက်မှာ ဂျက်နဲ့ဗုံးလာကြဲချတာ။ တစ်မြို့လုံး လန့်ပြီးနို့သွားကြတယ်။  မောင်တော တမြို့လုံး တုန်ခါသွားတယ်။ နခခ(၅)ဖက်ကလည်း လက်နက်ကြီး ၅ ခါလောက်ပစ်တယ်။ လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်"ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မောင်တောမြို့အနီးရှိ လေးမိုင်အခြေစိုက် နခခ (၂) အား စတင် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မေလ ၂၁ ရက်နေ့ နံနက် ၄နာရီခန့်တွင် စစ်ကောင်စီဘက်က  အထိနာကျဆုံးမှုများနေသဖြင့် ဂျက်ဖိုင်တာဖြင့် ဗုံးလာကြဲခြင်းဖြစ်ကြောင်း၊ လေယာဉ်သံ ဗုံးချသံများကို မောင်တောမြို့ထဲကပင် ကြားရ၍ စိုးရိမ်မိကြောင်း ၎င်းက ပြောကြားသည်။

မောင်တောမြို့တွင် လေးမိုင် နခခ(၂) နှင့် မြို့သူကြီး နခခ (၅) နယ်ခြားစောင့်ဌာနချုပ် (၂) ခုရှိပြီး လေးမိုင် နခခ (၂) ကို အာရက္ခတပ်တော်က စတင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လေးမိုင် အနီးအနားရှိ ဒေသခံ တစ်ဦးက " နခခ(၂)မှာ အမည်သာရှိတာ။ တပ်အင်အားကလည်း  ၄ ပုံမှာ ၃ ပုံလောက်မရှိတော့ဘူး။ ထွက်ပြေးကုန်ပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့  ဧပြီ ၂၅ ရက်နေ့ကလည်း ဒရုန်းနဲ့ အတိုက်ခံရလို့  နယ်ခြားစောင့် ၄ ဦးသေပြီးကတည်းက ထွက်ပြေးနေကြတာဆက်တိုက်ပါပဲ" ဟု ပြောဆိုသည်။

တိုက်ပွဲထဲမှ လက်နက်ငယ် ပစ်ခတ်သံများကို ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အထိကြားနေရသည်ဟု ဆိုသည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့အား အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောင်တောမြို့ အဝင် လေးမိုင်ရှ် နခခ(၂)အား စတင်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

မောင်တောမြို့နယ်တွင် အဓိက အခြေစိုက်ထားသည့် ကြိမ်ချောင်း၊ ကျီးကန်းပြင်၊ လှဖိုးခေါင်၊ ငခူရ စသည့် နယ်ခြားစောင့်ဌာနချုပ်များအားလုံးကို အေအေသိမ်းပိုက်ထားပြီဖြစ်သဖြင့် မောင်တောမြို့လည်း များမကြာမီ အာရက္ခတပ်တော်လက်ထဲကျရောက်သွားနိုင်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။

ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး အတွက်  အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန် တဆင့်မြင့် တိုက်ခိုက်မည်ဖြစ်သဖြင့်  မြို့ပေါ် နှင့် ကျေးရွာများမှ ပြည်သူဘေးလွှတ်ရာသို့ တိမ်းရှောင်ပေးကြရန် အာရက္ခတပ်တော်မှ မနေ့က သတင်း ထုတ်ပြန်ထားသည်ဟု သိရသည်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...