ရွာငံမှ ကျေးရွာဥက္ကဌ အပါအဝင် အမျိူးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်မှ ဖမ်းဆီးသွား

ရွာငံမှ ကျေးရွာဥက္ကဌ အပါအဝင် အမျိူးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်မှ ဖမ်းဆီးသွား

သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါသည်။

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာ ဥက္ကဌ ဦးမောင်ထွဋ် ၊ အသက် ၄၀ ကျော် အမျိူးသား ၂ဦး နှင့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည့် ဒေါ်မိုးဝါတို့ကို  မေ ၁၆ ရက်နေ့  ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ဖြစ်စဥ်ကိုသိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရွာလူကြီးကိုလည်း ဖုန်းဆက်မရဘူး၊ ပြန်ဖမ်းသွားတယ်၊ မမိုးဝါကိုရော ဖမ်းသွားတယ်၊ တခြားလူတွေကိုလည်းခုထိ ဆက်သွယ် မရသေးဘူး။ ဘာကြောင့်ခေါ်သွားတာလဲ မသိဘူး၊ ခုထိ ဘာသတင်းမှ မရသေးဘူး၊”ဟု ‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အလားတူ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာနေထိုင်သည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိူးသားနှစ်ဦးကိုလည်း မေ ၁၆ ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ် ဒေသခံများကပြောသည်။

“ စစ်တပ်က မနေ့က ညနေပိုင်းမှာ ကိုခင်မောင်ဌေးနဲ့ ကိုအောင်အောင်ကို လာဖမ်းသွားတယ်။ သူတို့ အိမ်ထိတက် ဖမ်းတယ်။ ဘာကြောင့်ဖမ်းလည်းဆိုတာတော့မသိဘူး”ဟု ဖြစ်စဥ်ကိုသိရှိသည့်အမျိုးသမီးက ဆိုပြန်သည်။

ထိုညနေပိုင်းတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ဒေါ်မိုးဝါ၏ အမျိုးသားသည်  လွန်ခဲ့သည် ၂၀၂၃ခုနစ် ဇွန်လ ၁၃ရက်တွင်ဖမ်းဆီးခဲ့ရပြီး၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၂၂ချမှတ်ခံရကာ နေအိမ်ပါချိတ်ပိတ်ခံခဲ့ရသည်။

ထို့နောက် ဒေါ်မိုးဝါသည် သိမ်းကုန်ကျေးရွာ ဥက္ကဌ ၏ နေအိမ်တွင် နေပြီး လက်ဖက်ရောင်းဝယ်လုပ်ကိုင်နေသူဖြစ်သည်။

“ မနှစ်ကလည်း သူ့ (ဒေါ်မိုးဝါ) ယောကျာ်းက ဖမ်းသွားတော့ သူ့အိမ်လည်း ချိတ်ပိတ်ခံရတယ်လေ။ သူကနေစရာ မရှိတော့ သိမ်ကုန်းကျေးရွာလူကြီးအိမ်မှာ နေနေတာ။ အခု သူ့ကို ဘာလို့ ဖမ်းသွားလဲ မသိဘူး” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ထို့အပြင် ယမန်နှစ် ဇွန်လ ၁၃ရက်တွင် ဒေါ်မိုးဝါ၏ အမျိုးသား နှင့် အတူ ယမန်နေ့က ဖမ်းဆီးခံရသည့် သိမ်ကုန်းကျေးရွာ ဥက္ကဌကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ဇွန် ၁၈ရက်တွင် ဥက္ကဌကို ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိမှာ သိမ်ကုန်းကျေးရွာ ဥက္ကဌကို မည်သည့်အကြောင်းပြချက်ဖြင့် ပြန်ဖမ်းသည်ကို မသိရှိသေးပေ။

Most read this week

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...