သရက်ချောင်းမှာ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ထပ်မံသေဆုံး

သရက်ချောင်းမှာ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ထပ်မံသေဆုံး

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ၃ ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၁၀ ရက်နေ့ မနက် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကနက်သီရိကျေးရွာကို ရဟတ်ယာဉ် ၂ စီး၊  ဂျက်ဖိုက်တာ ၁ စီးတို့နဲ့ ဗုံးအလုံး ၂၀ နီးပါး ကြဲချခဲ့သလို ရေတပ်စစ်သ င်္ဘောကလည်း လက်နက်ကြီးနဲ့တွေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ရေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အတွင်း နေထိုင်နေတဲ့အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုနောင်ဂေါ၊ ကိုနိုင်ကြီးနဲ့ ကိုညီဦးတို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူပိုင် နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး ဒေသ ခံအများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် နေအိမ်ပျက်စီးမှု အရေအတွက် အ တိအကျမသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း ကနက်သီရိနဲ့ရငဲကျေးရွာတို့ကို စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ဒေသခံလူငယ်တွေဖြစ်တဲ့ မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့် ဖြိုးတို့နေရာမှာပဲ သေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သရက်ချောင်းဒေသက ပဲဒက်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အ ရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်နဲ့ ကနက်သီရိကျေးရွာတို့က ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...
September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...
August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...