ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်

ကျုံအိတ်တံတား ထပ်မံမိုင်းခွဲခံရလို့ ပြိုကျပျက်စီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်

မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျူံအိတ်တံတားဟာ ဒီနေ့ မေလ (၁၁) ရက်နေ့ မနက်အစောပိုင်းမှာ ထပ်မံမိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ခရီး သွားပြည်သူတွေထံက သိရပါတယ်။

မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျုံအိတ်တံတားကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားနဲ့ အသစ်ပြန်ပြင်ထားတဲ့ ဘေလီတံတား နှစ်စင်းလုံး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

" ပြန်ပြင်ထားတဲ့ ဘေလီသံတံတားရော အရင်မိုင်းခွဲခံရစဉ်က ကျန်ခဲ့တဲ့ ကွန်ကရစ်တံတားကော နှစ်ခုစလုံးကျိူးသွားပြီ။ ကားတွေအများကြီး ပိတ်မိနေတယ်"လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲခံရတဲ့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်သွာပြီး ခရီး သွားပြည်သူ အများစု နောက်ကြောင်း ပြန်လှည့်နေကြတယ်လို့ သိရပါတယ်။

မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို မနက် ၈ နာရီအချိန်အထိ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့က ကျုံအိတ်တံတားကို KNLA ပူးပေါင်းအဖွဲ့တွေ မိုင်းခွဲခဲ့တဲ့အတွက် တံတားတစ်ခြမ်းပြိုကျသွားပြီး တံတားပြိုကျချိန် ကားနှစ်စီး တံတားအောက် ပြုတ်ကျပြီး လူသေဆုံးတာတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် တံတားပြိုကျချိန် လာစစ်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်း ၂ ဦး သေဆုံးပြီး သထုံတပ်နယ်မှူးနဲ့ အရာရှိအကြီးပိုင်းတွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း  ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Most read this week

September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...
September 1, 2026
၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ...
August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...