တနင်္သာရီမှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေး ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

တနင်္သာရီမှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ကလေး ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲဒက်တပ်စခန်း သိမ်းပိုက်ခံရလိုက်တဲ့ စစ်ကောင်စီတပ်ဟာ မေ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ ကနက်သီရိကျေးရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲချသွားခဲ့တာပါ။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် စာသင်ကျောင်း ဘောလုံးကွင်းမှာ ဘောလုံးကန်ဖို့ စောင့်ဆိုင်းနေတဲ့ အသက် ၁၅ နှစ်ရွယ် မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့  ၂ ဦးဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ်ကလေးငယ် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကနက်သီရိကျေးရွာ စာသင်ကျောင်း ဗုံးကြဲသွားတဲ့ စစ်ကောင်စီတပ်ဟာ ရငဲကျေးရွာတိုက်နယ်ဆေးရုံကိုလည်း ထပ်မံဗုံးကြဲသွားတဲ့အတွက် တိုက်နယ်ဆေးရုံ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပဲဒက်တပ်စခန်းကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေ့ မေ ၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအ မြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပဲဒက်တပ်စခန်း သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ် ကျေးရွာတွေဖြစ်တဲ့ ရငဲ၊ ကျွဲ မင်းကုန်း၊ ကျောက်ခမောက်နဲ့ ကနက်သီရိကျေးရွာနေ ဒေသခံပြည်သူတွေဟာ  ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Most read this week

May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...